Thursday, August 22, 2019

လွှတ်တော်ကိုယ်စားလှယ်အချို့ မေးခွန်းကို အကျဉ်းချုံးရေးသား တင်ပြခြင်းကြောင့် ဖြေကြားသည့်ဝန်ကြီးဌာန အခက်ကြုံနေရ

Image may contain: 1 person, sitting, hat and indoor

လွှတ်တော်ကိုယ်စားလှယ်အချို့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် အကျဉ်းချုံးမျှ ရေးသားပြီး တင်ပြလာခြင်းကြောင့် ဖြေကြားသည့် ၀န်ကြီးဌာနအနေဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က သြဂုတ် ၂၂ ရက် တွင် ပြောကြားလိုက်သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး မေးခွန်းမေးမြန်းဖြေကြားမှု အစီအစဉ် များအပြီးတွင် လွှတ်တော် ကိုယ်စားလှယ်များကို မှာကြားရန် အကြောင်းများ ရှိသည်ဟုဆိုကာ လွှတ်တော်ဥက္ကဌက ပြောကြား ရာတွင် ယင်းသို့ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
“ကြယ်ပွင့်ပြမေးခွန်းမေးမြန်းတဲ့ အခါမှာ လွှတ်တော်ကိုယ်စားလှယ် အများစုက ကျိုးကြောင်းဖော်ပြချက်နဲ့တကွ ပြည့်ပြည့်စုံစုံ တင်ပြ ထားသော်လည်း တချို့သော တချို့သော လွှတ်တော်ကိုယ်စားလှယ် များဟာ ဆိုရင် မေးခွန်းကို အကျဉ်းချုံးမျှ ရေးသားပြီး တင်ပြလာတာတွေ တွေ့တဲ့အတွက် ကျန်တဲ့ဝန်ကြီးဌာန အနေနဲ့လည်း ဖြေကြားတဲ့ နေရာမှာ အခက်အခဲ တွေကြုံတွေ့နေရပါတယ်။ ဒီလိုအခက်အခဲ ကြုံတွေ့နေရတဲ့ အချိန်မှာ မပြည့်မစုံဘဲဖြေကြားလိုက်ရင် လွှတ်တော် ကိုယ်စားလှယ် များအနေနဲ့လည်း လိုအပ်ချက်တွေ ရှိတယ်ဆိုပြီးမှ ထပ်ဆင့်မေးခွန်းတွေ မေးမြန်းနေတာတွေဟာ အချိန်ကို လေးစားရာ မရောက်ပါဘူး။
အဲ့ဒါကြောင့် နောင် ကြယ်ပွင့်ပြမေးခွန်း တင်တဲ့အချိန်မှာ ပြည့်ပြည့်စုံစုံ ကျိုးကြောင်း ဖော်ပြပြီး တင်ပြဖို့သတိပေးလိုပါတယ်” ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

The Ladies News

0 comments:

Post a Comment