
ပြည်ကြီးတံခွန်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများနှင့် ပလတ်စတစ် လက်ပစ်ဗုံး တစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စက်မှု(ဈ) ရပ်ကွက်၊ ၆၂ လမ်းနှင့် မက္ခရာလမ်းထောင့်၌ သတင်းအရ စောင့်ဆိုင်းစဉ် သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လမ်းလျှောက်လာသော အောင်ဇေယျ(ဘ)ဦးစောလှမြင့်အား ခေါ်ယူစစ်ဆေးရာ လွယ်အိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၃ဝပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆ သိန်းကျော်)၊ အလျား ၃ လက်မခွဲခန့်၊ အချင်း ၂ လက်မခန့်၊ လုံးပတ် ၇ လက်မခန့်ရှိ ပလတ်စတစ် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါပလတ်စတစ် လက်ပစ်ဗုံးတစ်လုံးအား နယ်မြေခံ အင်ဂျင်နီယာ တပ်ရင်းသို့ အပ်နှံပြီး ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား စက်မှုနယ်မြေရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News






0 comments:
Post a Comment