Sunday, August 25, 2019

လားရှိုး-သိန်းနီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ (၄၁)မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)အား ပြန်လည် တည်ဆောက် ပြီးစီး၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ လားရှိုး- ကွမ်းလုံသို့ သွားလာနိုင်ပြီ

No photo description available.

လားရှိုး-သိန်းနီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ (၄၁)မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)အား ပြန်လည် တည်ဆောက် ပြီးစီးခဲ့ကြောင်းနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ လားရှိုး- ကွမ်းလုံသို့ သွားလာနိုင်ပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ သိန်းနီ- နမ့်ဆလပ်- ကွမ်းလုံ ကားလမ်းပေါ်ရှိနမ့်ဆလပ် အနီး မန်တုံစွန်တံတား၊ နားတီး ကျေးရွာအထွက် (၃၁)မိုင်တံတား နှင့် (၄၁)မိုင် သံကူကွန်ကရစ် တံတား(ဗြုန်းတောင်) တို့အား AA၊ TNLA၊ MNDAA အကြမ်းဖက် သောင်းကျန်းသူများက သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက် ခဲ့ရသည်။
အဆိုပါဒေသ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေးနှင့် ဒေသခံပြည်သူများ သွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက် ပေးပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ပစ်ခတ်မှု ကြားမှ နယ်မြေခံစစ်အင်ဂျင်နီယာ တပ်မှ တပ်မတော်သားများက နေ့ည မနားပြုပြင်ဆောင်ရွက်ပေးခဲ့ရာ သြဂုတ် ၁၉ ရက်တွင် မန်တုံစွန် တံတားအား ၁ လွှာ ၁ ထပ် ဘေလီ တံတားအဖြစ် လည်းကောင်း၊ သြဂုတ် ၂၁ ရက်မှ ယနေ့အထိ (၄၁)မိုင် သံကူကွန်ကရစ် တံတား(ဗြုန်းတောင်)အား ၃ လွှာ ၁ ထပ် ဘေလီတံတားအဖြစ် လည်းကောင်း ပြုပြင်တည်ဆောက်ပြီးစီးခဲ့ပြီး နားတီးကျေးရွာအထွက် (၃၁)မိုင်တံတားအား ပြုပြင် မွမ်းမံခဲ့သည်။ ထို့ကြောင့် လားရှိုး-သိန်းနီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ယနေ့မှစတင်၍ ဖြတ်သန်းသွားလာ လျက်ရှိကြောင်း သိရသည်။
၎င်းအပြင် တပ်မတော်စစ်ကြောင်းများက ကွတ်ခိုင်-နမ့်ဖက်ကာ လမ်းပိုင်းအား နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ ခြင်းကြောင့် အဆိုပါလမ်းပိုင်းအတွင်း ရပ်တန့်ပိတ်မိနေသော ယာဉ်ကြီး၊ ယာဉ်ငယ် မျိုးစုံ ၁၂၃ စီးခန့်သည် ယနေ့မှစ၍ ပုံမှန် အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီး လားရှိုးမှ နမ့်ဖက်ကာအထိ လုံခြုံစိတ်ချစွာ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် နမ့်ဖက်ကာ-မူဆယ် လမ်းပိုင်းအား ဖြတ်သန်း သွားလာနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ပြန်လည် ကောင်းမွန်စေရေးနှင့် ဒေသခံ ပြည်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရေးအတွက် တံတားများပြုပြင် ဆောင်ရွက်ပေးလျက် ရှိစဉ် သောင်းကျန်းသူများက သြဂုတ် ၂၃ ရက်တွင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ် လာသော်လည်း လမ်းတံတားများ ပြုပြင်ခြင်းနှင့် လမ်းလုံခြုံရေး ကောင်းမွန်စေရေးတို့အတွက် အလျင်အမြန်ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြတ်သန်းသွားလာနိုင်ခြင်း ဖြစ်ကြောင်းနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Image may contain: one or more people, bridge and outdoor
Image may contain: sky, mountain, outdoor and nature
Image may contain: sky and outdoor
Credit - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment