Tuesday, August 13, 2019

ရန်ကုန်-ရေး-ထားဝယ်-မြိတ်လမ်းအခြေအနေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်မှု

Image may contain: outdoor and nature
မွန်ပြည်နယ်၊လမ်းဦးစီးဌာန၊လမ်းအဖွဲ့များက မိုင်တိုင် (၁၁၂/၀ မှ ၁၁၅/၄)အတွင်း မလွဲတောင်အပိုင်းရှိတောင်ပြိုမြေများအား (၁၃-၈-၂၀၁၉)ရက်နေ့တွင်​ ရှင်းလင်းဖယ်ရှားပြီး ဖြစ်ပါသည်။

တနသာင်္ရီတိုင်းဒေသကြီးအတွင်း​ လမ်းသားပြတ်တောက်နေသော (ထားဝယ် မှ ၈၀/၂ မိုင် အကွာ) အ ထိ တောင်ပြိုလမ်းများအား မွန်ပြည်နယ်၊လမ်းဦးစီးဌာနက ဖယ်ရှားရှင်းလင်းမည် ဖြစ်ပါသည်။

တနသာင်္ရီတိုင်းဒေသကြီး မလွဲတောင် - ထားဝယ်လမ်းပိုင်းတွင် တောင်ပြိုမြေ ဖယ်ရှား ရှင်းလင်းခြင်းကို (၁၄-၈-၂၀၁၉)ရက်နေ့တွင် ပြီးစီးနိုင်ရေး လမ်းအထူးအဖွဲ့(၂၃) က.နေ့/ည မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို (၁၆-၈-၂၀၁၉)ရက်နေ့တွင်ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့နှင့် လမ်းအထူးအဖွဲ့ များကကြိုးစားဆောင်ရွက်လျက် ရှိပါသည်။

ကုန်ကားကြီးများ ဖြတ်သန်းသွားနိုင်ရန်အတွက် (၁၈-၈-၂၀၁၉) ရက်နေ့တွင် ပြီးစီးနိုင်ရေး​ကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေ ညာအပ်ပါသည်။
Image may contain: mountain, outdoor and nature
Image may contain: mountain, outdoor and nature
Image may contain: one or more people and outdoor
Image may contain: mountain, outdoor and nature
Image may contain: one or more people, people standing, mountain, outdoor and nature
Image may contain: outdoor and nature
Ministry of Construction
The Ladies News

0 comments:

Post a Comment