ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တလုံး အတွင်း နေအိမ်အိပ်ခန်းအောက်မြေကြီးမှာ မြှုပ်နှံထားတဲ့ ကျပ်သိန်း ၃၄၀၀ လောက်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဆာလာအိတ်နဲ့ထုပ်ထားတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြား၊ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၉ဝဝ ကျော်လောက်ကို သြဂုတ် ၁၉ ရက်ည ၉ နာရီဝန်းကျင်က လုံခြုံရေး ဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သွားရောက်သိမ်းဆည်းရရှိခဲ့တာပါ။
ဒါ့အပြင် မောင်တောမြို့နယ် အဘူကျကျေးရွာအနီး အနောက်ဘက် မီတာ ၈ဝဝ ခန့် အကွာရှိ ပုစွန်ကန်တာပေါင် လမ်းပေါ်မှာ ပစ်ချခဲ့တဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝဝ ပြား၊ ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁၅ဝဝ ကျော်လောက်ကို ထပ်မံသိမ်းဆည်း ရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ ပုစွန်ကန်တာပေါင် လမ်းပေါ်မှာ ဆာလာအိတ်တအိတ် ထမ်ပြီး လမ်းလျှောက်လာသူ မသင်္ကာဖွယ် ဘင်္ဂါလီသုံးဦးကို တွေ့ရှိလို့ ခေါ်ယူစစ်ဆေးရာမှာ အဲ့ဒီသုံးဦးဟာ ဆာလာအိတ်ကို ပစ်ချပြီး ထွက်ပြေးသွားပြီး ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီပစ်ချခဲ့တဲ့ ဆာလာအိတ်ကို စစ်ဆေးရာမှာ WY စာတန်းပါ စိတ်ကြွရူးသွပ် ေဆးပျားေတြ သိမ်းဆည်းရရှိခဲ့ပြီး ပြင်ဖြူရဲစခန်းနဲ့ ငါးခူရရဲစခန်းတွေမှာ လွှဲပြောင်း အပ်နှံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ် ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဝဏ္ဏခွာညို






0 comments:
Post a Comment