ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အိုင်ကလောင်စိုက်ပျိုးရေး၊ မွေးမျိုးရေးနှင့် အသက်မွေးမှု အတတ်သင် အကျဉ်းစခန်းမှာ သြဂုတ် ၂၀ ရက် ညနေ ၃ နာရီကျော်လောက်က အကျဉ်းသား ၆ ဦး ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းသား အင်အား ၆၇ ဦးနဲ့ စခန်းမြောက်ဘက်ရှိ တပ်ခွဲ(၁) ကွင်း အမှတ်(၉) မှာ ဂိုက်ဆွဲခြင်း၊ ဒုံးတင်ခြင်းပြုလုပ်နေစဉ် ထွက်ပြေးသွားခဲ့လို့ တာဝန်ရှိတပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးရာမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အိုင်ကလောင် အကျဉ်းဦးစီးစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ထွက်ပြေးသူ မျိုးမြင့်ဆွေ (ခ) ဇော်မျိုးအောင်၊ ကိုထွေး၊ လင်းခိုင်၊ သိန်းဇော်၊ သက်ထွန်းဦး (ခ) နေလင်း၊ ဖြိုးသက်အောင်(၁၉) နှစ်တို့ကို တိုက်ကြီးမြို့နယ် ကတိုင်စိန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၂၄ အရ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ်ဇော်အေးက ပြောပါတယ်။
အကျဉ်းစခန်းက ထွက်ပြေးသူတွေကတော့ လူသတ်မှုနဲ့ ၂ဦး၊ ခိုးဆိုးလုနိုက်အမှုတွေနဲ့ အကျဉ်းကျခံထားရသူ ၄ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – မေသွယ်
DVB






0 comments:
Post a Comment