
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ရှိသူတွေနဲ့ အတူ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးတဲ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က ဧဒင်မြန်မာပရဟိတအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေက်ု သြဂုတ်(၂၁)ရက်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဧဒင်မြန်မာက တာဝန်ရှိသူတွေက လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို စောင့်ရှောက် ထားရှိမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြမှုတွေနဲ့ စပ်လျဉ်းပြီး လိုအပ်တာတွေကို လမ်းညွန်မှာကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။





(Photocredit: Magdalena Vogt/Eden Myanmar)






0 comments:
Post a Comment