ထားဝယ်မြို့၌ ညအချိန်များတွင် ဆက်တိုက်ဖြစ်ပွားခဲ့သည့် အသံကျယ်လောင်စွာပေါက်ကွဲမှုများကို ကျူးလွန်သည်ဟု သံသယ ရှိသူသုံးဦးကို ဩဂုတ် ၂၄ ရက် ညနေပိုင်းတွင် ဖမ်းမိထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။
ထားဝယ်မြို့တွင် ဩဂုတ် ၁၁ ရက်ညမှစတင်ကာ တစ်ညလျှင် တစ်ကြိမ်ခန့် ကျယ်လောင်သည့် ပေါက်ကွဲသံများထွက် ပေါ်ခဲ့သည်။ ထားဝယ်မြို့ ကမ်းနားလမ်းရှိ စက်သုံးဆီဆိုင်(စစ်မှုထမ်းဟောင်း အိမ်ရာအနီး)တွင် တပ်ဆင်ထားသည့် CCTV ကင်မရာမှတ်တမ်းအရ ဖောက်ခွဲချိန်တွင် စီးနင်းသည့် ဆိုင်ကယ်ကိုခြေရာခံစုံစမ်းပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း ထားဝယ်ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောဆိုသည်။
CCTV ကင်မရာမှတ်တမ်းတွင် အမျိုးသားသုံးဦးစီးနင်းလာသည့် Click ဆိုင်ကယ်ဖြင့် အရာဝတ္ထုတစ်စုံတစ်ခုကို မီးရှို့ကာ လွှင့်ပစ်သွားခဲ့ပြီး စက္ကန့်အနည်း ငယ်အကြာတွင် ပေါက်ကွဲသွားခဲ့သည်။
ဖောက်ခွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရေဖြူမြို့နယ် မူးဒူးကျေးရွာနေ အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ထားဝယ် မြို့သစ် (၇) လမ်းနေ အသက် (၁၈)နှစ်နှင့် (၁၉) နှစ်အရွယ် အမျိုးသား တို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောဆို သည်။
CCTV ကင်မရာမှတ်တမ်းတွင် ရရှိသည့် ဆိုင်ကယ်နံပါတ်ကို စုံစမ်းရာ ရေဖြူမြို့နယ် မူးဒူးကျေးရွာနေသူ ပိုင်ဆိုင် သည့် ဆိုင်ကယ်ဟုသိရပြီး ဆိုင်ကယ်စီး နင်းသူမှာ အိမ်သို့ မလာသည်မှာ ၁၀ ရက် ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ဒုရဲမှူးအောင်နိုင်မိုးက ပြောဆိုသည်။
ထို့ကြောင့် ဆိုင်ကယ်နံပါတ်ကို အခြေခံပြီး သွားလာမှုများကို စုံစမ်းရာမှ ဩဂုတ် ၂၄ ရက် ညနေပိုင်းတွင် ထားဝယ် မြို့ရှိ ညောင်ပင်ကြီးမီးပွိုင့်(ဘုမ္မော်ဈေး)တွင် မူးဒူးကျေးရွာနေအမျိုးသားကို ဖမ်းမိ ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
အထက်ပါ အမျိုးသားကိုစစ်မေး ရာမှ ကျန်သည့် အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးကို ထားဝယ်မြို့ ကမ်းနားလမ်းရှိ စားသောက်ဆိုင်တစ် ဆိုင်တွင် လည်းကောင်း၊ အသက် (၁၈) နှစ် အရွယ် အမျိုးသားကို မြို့သစ် (၇) လမ်း နေအိမ်တွင်လည်းကောင်း ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒုရဲမှူးအောင်နိုင်မိုးက ပြော ဆိုသည်။
'လက်ရှိမှာတော့ သူတို့ကိုစစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်'ဟု ထားဝယ် မြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောဆို သည်။
မည်သည့်ပစ္စည်းဖြင့် ဖောက်ခွဲခဲ့ သည်ကိုမူ မသိရသေးပေ။ ဩဂုတ် ၁၇ ရက် ညကဘုမ္မော်ရပ်ကွက်အတွင်း ပေါက် ကွဲသည့်နေရာတွင် အနက် လေးလက်မ ခန့်ရှိ တွင်းငယ်တစ်ခုဖြစ်ပွားပြီး အနီး ဝန်းကျင်တွင် ယမ်းမှုန့်ဟု ယူဆရသည့် အမှုန့်များရှိနေကာ ကြေမွနေသည့် ပလတ်စတစ်အိတ် အနက်ရောင်တစ်လုံး ကို တွေ့ရသည်။
သတင်း - Dawei Watch
0 comments:
Post a Comment