Thursday, August 22, 2019

ကျောက်တော်မြို့နယ်ရဲမှူးကို လုပ်ကြံသော အမည်မသိလူ ၃ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်၊ အစားထိုး ရဲမှူးသစ်ရောက်ရှိ

Image may contain: one or more people, people standing, people walking, tree, sky, plant, outdoor and nature
ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်ကို ဓားဖြင့်ထိုး လုပ်ကြံသော အမည်မသိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

ရဲမှူး စောသန်းလွင်သည် ကျောက်တော်မြို့ မြို့မသင်္ဘောဆိပ်ေ ရယာဉ်စည်း/ထိန်းရုံးအနီး ၂၀၁၉ ခုနှစ် သြဂုတ် ၁၉ ရက်နေ့၊ ညနေ ၅:၃၀ နာရီခန့် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူရှိနေစဉ် လုံခြုံရေးများကြားမှ အရိုးအသွား ၈ လက်မခန့်ရှိဓားဖြင့် အမည်မသိသူ ၃ ဦးက ဝိုင်းဝန်း ထိုးခဲ့ကြကြောင်း၊ ရဲမှူး၏ ကျောဘက်မှ ဓားထိုးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
"လုပ်ကြံခဲ့တဲ့ မည်မသိသူ ၃ ဦးလို့ အမှု ဖွင့်ထားတာပါ။ ပုဒ်မ ၃၀၇၊ ပုဒ်မ ၃၃၃၊ ပုဒ်မ ၃၄ တို့ဖြစ်ပါတယ်"ဟု ရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဒ်မ ၃၀၇ သည် လူသတ်မှု ကျူးလွန်ရန် အားထိုးခြင်း ပုဒ်မဖြစ်ကြောင်း၊ ပုဒ်မ ၃၃၃ သည် ၀န်ထမ်းကို အပြင်းအထန် နာကျင်စေမှု တို့ဖြစ်သည်။
ရဲမှူး စောသန်းလွင်သည် လက်ရှိဆေးကုသခံယူနေပြီး စစ်တွေဆေးရုံကြီးတွင် ဒဏ်ရာ သက်သာပျောက်ကင်းလာပြီ ဖြစ်ကြောင်း၊ မြို့နယ်ရဲမှူး စောသန်းလွင်နေရာတွင် အစားထိုးမည့် ယာယီမြို့နယ်မှူး တစ်ဦး သြဂုတ်လ ၂၀ ရက်နေ့ကပင် ရောက်ရှိ အလုပ်လုပ်ကိုင်နေပြီဖြစ်ကြောင်း အာဏာပိုင်များထံမှ သိရှိရသည်။
ဓာတ်ပုံ- ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

0 comments:

Post a Comment