Thursday, August 22, 2019

အသက်အာမခံချက်မရှိသဖြင့် ပြန်မလာခြင်းဖြစ်ဟု ဘင်္ဂလား​ဒေ့ရှ်​ရောက် ဒုက္ခသည်အချို့ပြော

ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ နေရပ်​စွန့်ခွာသူတွေပြန်မလာတာဟာ နိုင်​ငံသား သို့မဟုတ်​ အမည်တခုခု သတ်မှတ်​ပေးတာ မရှိတာနဲ့ အသက်​အာမခံချက်​မရှိတာကြောင့်ဖြစ်တယ်လို့   တဘက်နိုင်ငံမှာ ခိုလှုံရောက်ရှိ နေတဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။ 

ကူတူပါ​လောင်​ဒုက္ခသည်​စခန်းမှ မာမတ်​​ရော်​မန်​က “ပြန်မလာကြတာကဒီလိုပါ မြန်မာအစိုးရက တာဝန်ခံမှု၊ တာဝန်ယူမူမရှိဘူး။ နိုင်ငံသားမဟုတ်သေးတိုင်အောင် တခုခုသတ်​မှတ်​ ​ပေး​စေချင်​တာပါ။ ဥပမာ လူတဦးမှာ နာမည်​မရှိသလိုဖြစ်​​နေပါတယ်​။ နိုင်ငံတခုမှာ ​မွေးဖွားပြီး အသိအမှတ်​ပြုမခံရဘူး။ ​နောက်​ အသက်​အာမခံချက်​မရှိဘူး။ ဒါ​ကြောင့် ပြန်​မလာချင်​ကြတာပါ” လို့ ​ ပြောကြားပါတယ်​။
ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ နေရပ်​စွန့်ခွာသူတွေကို သြဂုတ်​လ ၂၂ ရက်​​က တတိယအကြိမ်​​  ပြန်​လည်​လက်​ခံဖို့​ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နိုင်ငံတော် သမ္မတရုံးမှ ဦးထွန်းထွန်းဝင်း တို့ ကိုယ်​တိုင်​လာ​ရောက်​ပြီး အဆင်​သင့်ပြုလုပ်​ထားပေမယ့်လည်း တ​ဦးတ​​ယောက်​မှ ပြန်​လည်​ဝင်​​ရောက်​လာတာ မရှိ​ခဲ့ပါဘူး။
​နေရပ်​စွန်​့ခွာသွားသူတဦးဖြစ်တဲ့ မာမတ်​ဟာချီက​တော့ “ကျနော်တို့ ဒုက္ခ​ရောက်​ပြီး ​နေရပ်​စွန့်ခွာရတာကို နိုင်​ငံတကာက ဘယ်​လိုတုံ့ပြန်​မလဲဆိုတာ ​စောင့်ကြည့်ဖို့လိုတယ်​။ အခု ပြန်​သွားလို့ မဖြစ်​​သေးဘူး။ ဥပမာ ​လျှောက်​လွှာတခုတင်​ထားတယ်​။ အ​ဖြေမရ​သေးဘူး။ ဒါ​ကြောင့် အားလုံးက သ​ဘောတူပြီး မလာဖြစ်​တာပါ”လို့​ပြောပါတယ်​။
၂၀၁၇ သြဂုတ်​လက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်​ဖြစ်​စဉ်​​တွေကြောင့် ဘင်္ဂ​လားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ လူတွေ နေရပ်​စွန့်ခွာသွားပြီး  နယ်စပ်ရှိ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတာပါ။
အဆိုပါဒုက္ခသည်တွေကို မြန်မာပြည်ဘက်ကို  အဓမ္မပြန်ပို့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကတိပေး ထားပါတယ်။
မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာခဲ့တဲ့ တောင်ပြိုလက်ယာအုပ်စု၊ ရဲ​အောင်​​ချောင်းရွာနေ မာမတ်​​ရှော်​ရီက​နောကတော့ “အဲဒီကပြန်​မလာတာက ပြန်​လာမယ့်သူ​တွေ ကို အာဆာအဖွဲ့​တွေက ခြိမ်း​ခြောက်​မူ​တွေရှိတယ်​။ အန္တရာယ်​​ပေးတယ်​။ ဒါ​ကြောင့် မလာနိုင်​တာပါ။ လာချင်​သူ​တွေများစွာရှိပါတယ်​”လို့​ပြောပါတယ်​။
၂၀၁၈ ဇန်​နဝါရီလ ၂၃ ရက်​က ပထမတကြိမ်လက်ခံဖို့ ပြင်ဆင်ထားခဲ့ကြသလို ၂၀၁၈ နိုဝင်​ဘာ ၁၅ ရက်​မှာ ဒုတိယအကြိမ်​ ပြန်​လည်​လက်​ခံဖို့ မြန်မာဘဘက်က အဆင်​သင့် ပြင်​ဆင်​ထားခဲ့​ကြ​ပေမယ့် အောင်​မြင်​တာ မရှိခဲ့ပါဘူး။
ယခု တတိယအကြိမ် အစီအစဉ်အရ ပထမ အသုတ်အဖြစ် ဒုက္ခသည် အယောက်  ၃၄၅ဝ ကို ဩဂုတ် ၂၂ ရက်မှာ ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံအစိုးရတို့ သဘောတူ စီစဉ်ခဲ့တာဖြစ်ပြီး တဦးမှ ပြန်​လာတာ မရှိ​ခဲ့ပါဘူး။
ကောင်းကောင်း
DVB

0 comments:

Post a Comment