Sunday, August 25, 2019

ပဲ့ထိန်းဒုံးကျည် ၂ စင်း ရုရှားအစိုးရ စမ်းသပ်ပစ်လွှတ်

ရုရှားအစိုးရဟာ စီနေဗာနဲ့ ဘူလာဗာ ပဲ့ထိန်းဒုံးကျည်တွေကို အာတိတ်သမုဒ္ဒရာက ပိုလာဒေသ ဘာရန့်စ်ပင်လယ် ရေငုပ်သင်္ဘော ၂ စီးကနေ သြဂုတ် ၂၄ ရက်က ပစ်လွှတ် စမ်းသပ်လိုက်ပါတယ်။ 

တိုက်ခိုက်ရေးသင်တန်းရဲ့ အစိတ်အပိုင်းအနေနဲ့ ခုလို ပစ်လွှတ်တာလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ 
လောင်စာရည်သုံး တိုက်ချင်းပစ် ဒုံးကျည် စီနေဇာကို တူလာ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ရုရှားရဲ့ အဆန်းသစ်ဆုံး လောင်စာခဲသုံး ဒုံးကျည် ဘူလာဗာကိုတော့ ယူရီ ဒိုဂိုရုကီ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်ခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒုံးကျည် ၂ စင်းလုံးဟာ ရုရှားအရှေ့စွန်းက ကမ်ချတ်ကာ ကျွန်းဆွယ်နဲ့ မြောက်ပိုင်းက အာခန်းဂက်စ် ဒေသတို့က သင်တန်းမြေပြင်ပေါ်က ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရေငုပ်သင်္ဘောပေါ်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေရဲ့ သီးခြားဖြစ်တဲ့ နည်းပညာ လက္ခဏာတွေနဲ့ သင်္ဘောပေါ်က ဒုံးကျည်စနစ် အားလုံးရဲ့ ထိရောက်မှုတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
DVB

0 comments:

Post a Comment