ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ် ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကြောင့် လူနေတဲအိမ် ၆ လုံး ပြိုကျခဲ့ပြီး အိမ် ၈ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။
ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာမှာ ဓနိမိုး/ကာ၊ ပျဉ်ခင်း လူနေအိမ် ၁ လုံး ပြိုကျ ပျက်စီးခဲ့ပါတယ်။
ဂေါ်ဒူကျေးရွာမှာတော့ နေအိမ် ၁၄ လုံး ပြိုကျ၊ အမိုးလန် ပျက်စီးခဲ့တာကြောင့် အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ကျား ၃၃ ဦး၊ မ ၃၇ ဦး၊ ပေါင်း ၇၀ ဦးတို့ ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ယာယီပြောင်းရွှေ့နေထိုင်နေရပါတယ်။
လေးပင်ချောင်ကျေးရွာမှာတော့ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၇ ဦး ဆွေမျိုးနေအိမ်တွေမှာ ယာယီပြောင်းနေထိုင်ကြပြီး စုစုပေါင်း နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းနေပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဒီနေ့မနက်ပိုင်း ထုတ်ပြန်ထားပါတယ်။
ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။
ကျော်စိုးမိုး
DVB






0 comments:
Post a Comment