
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံနှင့်ပြည်သူအား ကာကွယ်ပေးရေး တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြမှုကို ယနေ့(ဩဂုတ် ၂၂ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှည်းတန်းမှ ဆူးလေ၊မြို့တော်ခန်းမရှေ့အထိ ဦးညီညီထွန်းဆိုသူက တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်းက လက်နက်ကိုင်ပဋိပက္ခများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပြတ်ပြတ်သားသားကိုင်တွယ်ရန် လိုကြောင်းလည်း ၄င်းက ပြောဆိုခဲ့သည်။
ထိုသို့တကိုယ်တော်ဆန္ဒပြရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနယ်မြေအား အမြန်ဆုံးကာကွယ်ပေးရေး၊ အကြမ်းဖက်သူများအား ထိရောက်စွာ ချေမှုန်းပေးရေး၊ တိုက်ပွဲအတွင်း အရပ်သားများ သေဆုံးမှုကို အကာအကွယ်ပေးရေး စသည့် အချက် ၈ချက်ကိုလည်း တောင်းဆိုခဲ့သည်။
သတင်း၊ဓာတ်ပုံ-မင်းဟိန်း/စံတော်ချိန်






0 comments:
Post a Comment