Tuesday, August 20, 2019

မကွေးတိုင်းတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေ

Image may contain: outdoor
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မကွေးတိုင်ဒေသကြီးမှာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောပါတယ်။ 

မကွေးတိုင်းဒေသကြီး လုံခြုံရေးအတွက် မကွေးတိုင်းနဲ့ဆက်စပ်နေတဲ့ တိုင်းနဲ့ပြည်နယ်ချင်းဆက်လမ်းတွေအပါအဝင် နေရာ(၂၄)နေရာမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်ချင်းဆက်လမ်းတွေမှာ (CCTV)ကင်မရာတွေ တပ်ဆင်ထားပြီး ကျန်တဲ့နေရာတွေမှာတော့ ပုံမှန်စစ်ဆေးတာတွေဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးမင်းဦးက ပြောပါတယ်။
အဲဒီလိုဆောင်ရွက်တာဟာ ဘင်္ဂါလီဝင်ရောက်မှုကာကွယ်ရေးစီမံချက်၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက်၊ တရားဥပဒေစိုးမိုးရေးစီမံချက်တွေအရ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်နေတာလို့လည်း သူကဆက်လက်ပြောပါတယ်။
မြို့ခံတစ်ဦးဖြစ်တဲ့ ဦးတင်ရွှေကတော့ အရေးပေါ်ဖြစ်မှလုံခြုံရေးဆောင်ရွက်တာမျိုးမဟုတ်ဘဲ အမြဲတမ်းလုပ်စေချင်တယ်လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးဟာ ရခိုင်ပြည်နယ်၊ချင်းပြည်နယ်တွေနဲ့ နယ်နိမိတ်ချင်းထိဆက်နေတဲ့အတွက်တိုင်းဒေသကြီးထဲကို အထောက်အထားမဲ့နဲ့အကြမ်းဖက်သူတွေ မ၀င်ရောက်စေဖို့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
သတင်း - စိုးစိုးဦး၊ သက်ခိုင်မိုး

0 comments:

Post a Comment