
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေအနေနဲ့ ဒုက္ခသည်တွေ လုံခြုံစိတ်ချပြီး ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့အချိန်ရောက်တဲ့အထိ စီစဉ်ထားတဲ့ ဒုက္ခသည်နေရပ်ပြန်လည်နေထိုင်ရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားသင့်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မနက်ဖြန် သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံဘက်ကို ပြန်ရင် သူတို့ကြုံခဲ့ဖူးသလို အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ ကြုံရမှာဖြစ်တယ်လို့ စခန်းတချို့မှာ ဆန္ဒပြခဲ့တယ်လို့ သိရကြောင်း၊ မြန်မာအာဏာပိုင်တွေဘက်က ဒုက္ခသည် ၃၄၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြထားတဲ့ စာရင်း ၂၂၀၀၀ ထဲကနေ စိစစ်လက်ခံဖို့ သဘောတူထားကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခသည်တွေ အမှန်တကယ် မြန်မာပြည်ဘက် ပြန်လိုတဲ့ဆန္ဒရှိ မရှိ စိစစ်နေဆဲတယ်လို့ ပြောကြားကြောင်းလည်း ဒီနေ့ ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စနစ်တကျ ဖိနှိပ်ချုပ်ခြယ်တာ၊ အကြမ်းဖက်တာတွေကို ဖြေရှင်းရမယ့်တာဝန်ကျန်နေသေးကြောင်း၊ ဒါကြောင့် အိမ်ပြန်ရင် လုံခြုံမှုမရှိမှာကို စိုးရိမ်ကြောက်ရွံ့တာဟာ ကျိုးကြောင်းသင့်ကြောင်းလည်း HRW အဖွဲ့ တောင်အာရှရေးရာ ဒါရိုက်တာ မီနာရှိ ဂန်ဂုလီက ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ မနှစ်က နိုဝင်ဘာလကတည်း အခုလို နေရပ်ပြန်လည်နေရာချထားရေး စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံက အစိုးရအရာရှိတွေ ကောက်ဘဇား ခရိုင်က ဒုက္ခသည်စခန်းတွေကို လာရောက်ပြီး နေရပ်ပြန်လာဖို့ ဖိတ်ခေါ်ခဲ့ပြီး နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီး ဒီဂျစ်တယ် နိုင်ငံသားစိစစ်ရေးကတ်သာ ထုတ်ပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
Photo: MUNIR UZ ZAMAN / AFP
RFA






0 comments:
Post a Comment