Thursday, August 22, 2019

ယာဉ်မှူးမလိုက်ပါသည့် အာကာသယာဉ် ကာဇက်စတန် အာကာသစခန်းမှ လွှတ်တင်

ယာဉ်မှူးမလိုက်ပါတဲ့  MS-14 ဆိုယုဒ် အာကာသယာဉ်ကို   ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော    အာကာသစခန်းကနေ သြဂုတ် ၂၂ ရက်မှာ လွှတ်တင်ခဲ့ပါတယ်။   

ဒီအာကာသယာဉ်ဟာ   ကုန်အလေးချိန် ပေါင် ၁၄၅၀ ကို နိုင်ငံတကာအာကာသစခန်းဆီ  သယ်ဆောင်သွားတာပါ။ 
ရုရှားရိုဘော့ယာဉ်ဟာ သီတင်းနှစ်ပတ်ကြာ မစ်ရှင်အတွင်း အာကာသယာဉ်မှူးတွေကို ကူညီပြီး  သူရဲ့ ရိုဘော့စွမ်းရည်ကို စမ်းသပ်သွားမှာပါ။ 
ဖီဒေါလ်ဆိုတဲ့ ရိုဘော့အာကာသယာဉ်ဟာ ရုရှားနိုင်ငံက  ပထမဆုံး အာကာသထဲ စေလွှတ်တဲ့ယာဉ်ဖြစ်ပါတယ်။ 
ရိုဘော့ရဲ့ အဓိက တာဝန်က အာကာသအတွင်း လူသားတွေအတွက်  အန္တရာယ် များတဲ့အလုပ်တွေကို ဆောင်ရွက်ဖို့ဖြစ်တယ်လို့  ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်စမော့က ပြောပါတယ်။   
ဖီဒေါလ် ရိုဘော့ဟာ   လူတဦး အရွယ်အစားရှိပြီး   လူသားတယောက်လို လှုပ်ရှားသွားလာနိုင်ပါတယ်။  
ဖီဒေါလ်က သူရဲ့ တွစ်တာပေ့ချ်မှာ သူဟာ နိုင်ငံတကာ အာကာသယာဉ်မှူးတွေရဲ့ လက်ထောက်ဖြစ်တယ်လို့ ဖော်ပြပြီး  သူ့ပေ့ဂျ်မှာ follower ၄၆၀၀ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
DVB

0 comments:

Post a Comment