Wednesday, August 14, 2019

H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟုသံသယရှိသော (၃)လသား ကလေးငယ် မိန်းကလေး ရုပ်အလောင်း(၁)ဦးအား ရေဝေးသုဿာန် ပို့ဆောင်

Image may contain: 3 people, table
ဟယ်ပင် ကလေးဆေးရုံမှ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟု ယူဆရသော ၃)လသား ကလေး ၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့် ရေဝေးသုဿာန်မီးသင်္ဂြိုဟ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ နှင့် သြဂုတ်လအတွင်း ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သံသယရှိသော ရုပ်အလောင်းများကို ကူညီပို့ဆောင်မီးသဂြိုဟ်ပေးခဲ့သည်မှာ ယခုအလောင်း အပါအ၀င် သံသယရှိသော ရုပ်အလောင်း(၂၅) လောင်းတိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကူညီခဲ့ပြီးဖြစ်ပါသည်။

နာရေးနှင့်ပတ်သက်၍ အကူအညီတောင်းခံလိုပါက ဖုန်း - ၀၁ ၇၀၉၂၇၇, ၀၁ ၇၀၄၇၈၄ သို့ဆက်သွယ်နိုင်ပါသည်။
Image may contain: one or more people and indoor
Image may contain: car
Image may contain: 1 person, standing
သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန #FFSS_YGN
အကုန်သိ သတင်းဌာန

0 comments:

Post a Comment