Tuesday, July 28, 2020

ရုပ်ရှင်ရုံများ ကျန်းမာရေးအရပြင် ဆင်ထားမှုအား စစ်ဆေးမှုပြုလုပ်ပြီးပါက ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရေး ၃ ပတ်အတွင်း စောင့်ကြည့်ကာ ရုပ်ရှင်ရုံများပြင်ဆင်ထားမှုကို စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။
COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တိုက်ရိုက်ဆွးနွေးသည့်စကားဝိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။
“၃ ပတ်လောက်တော့ စောင့်ကြည့်ပါမယ်။ ၃ ပတ်အတွင်း ရုပ်ရှင်ရုံမှာ ဘာတွေစီစဉ်ထားသလဲလာကြည့်မယ်။ ကြားထဲမှာ ပြည်သူတွေကလည်း MASK ဝတ်ခြင်း၊ လက်ဆေးခြင်း တစ်ပြိုင်နက်ထဲလုပ်ရမယ်။ ကြားထဲမှာ ကူး စက်မှုလည်း အသစ်မရှိဘူး။ အခြေအနေလည်းကောင်းတယ်ဆိုရင် အခြေအနေကောင်းတာနဲ့ စဖွင့်လို့ရအောင် လုပ်မှာပါ။ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် စီစဉ်ပေးပါမယ်” ၎င်းကပြောသည်။
လက်ရှိတွင် COVID 19 ကာလအတွင်း ရုပ်ရှင်ရုံများ ပြန်ကြားရေးဝန်ကြီးဌာနမှ ပိတ်ခိုင်းထားပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပါက မူလရုပ်ရှင်ရုံတင်ဇာတ်ကားများ ဆက်လက်ပြသမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် COVID 19 ရောဂါဖြစ်ပွားမှုမှာ နိုင်ငံအားလုံးစုစုပေါင်းမှ ဓါတ်ခွဲအတည်ပြုလူနာ ဇူလိုင် ၂၇ ရက် အထိ ၁၅၇၈၅၆၄၁ ဦး၊ သေဆုံးသူစုစုပေါင်း ၆၄၀၀၁၆ ဦးရှိကြောင်းသိရပြီး သေဆုံးမှုအမြင့်ဆုံးမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ဖြစ်ကြောင်းသိရသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment