Wednesday, July 29, 2020

အောင်သပြေ အမှုရုံးထုတ်ခဲ့သည့် ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ဝန်းရံသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာအနီးမှာ ဆောက်လုပ် လည်ပတ်လျက် ရှိတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒ ပြကြတဲ့ အောင်သပြေ ကျေးရွာသား ဦးရွှေအုန်းပါ (၃) ဦးကို ဇူလိုင်လ (၂၈) ရက်နေ့က ပုသိမ်ကြီး မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာမှာ ဝန်းရံ ဗ-က-သ ကျောင်းသားတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ဖမ်းဆီးခံ ရွာသားတွေကို မီဒီယာတွေနဲ့ ဖြေကြားခွင့်ရဖို့ ဝန်းရံကျောင်းသားတွေက တောင်းဆိုရာကနေ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အချင်းများခဲ့ကြတာလို့ အဲဒီ တရားရုံးချိန်းကို ရောက်ရှိခဲ့သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကလည်း ဝန်းရံ ဗကသ ကျောင်းသားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ (၂၈) ရက် နေ့ ရုံးချိန်းကို ရဲအင်အား (၂၅) ယောက် ဝန်းကျင်နဲ့ လုံခြုံရေး တိုးမြှင့်ယူခဲ့သလို သံဆူးကြိုးတွေနဲ့လည်း ကာထားတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
အောင်သပြေ ကျေးရွာသား (၃) ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၃၂၊ ၁၁၄ တို့နဲ့ ပုသိမ်ကြီးမြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်က တရားလိုလုပ် တရားစွဲဆိုထားတာပါ။
Crd : BBC

0 comments:

Post a Comment