Wednesday, July 29, 2020

သမ္မတထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးတွင် COVID-19 ကူးစက်ခံနေရကြောင်းသိရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရောဘတ် အို ဘရိုင်ယန်တွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အိုဘရိုင်ယန်တွင် ရောဂါလက္ခဏာအပျော့စားများကိုတွေ့ရှိရပြီး ယခုအခါတွင် သီးခြားအကန့်အသတ်ဖြင့် နေထိုင်လျှက်ရှိကာ အလုပ်တာဝန်များကိုဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်သည်။
အို ဘရိုင်ယန်၏ ရောဂါအခြေအနေသည် သမ္မတထရမ့်နှင့် ဒုတိယသမ္မတ မိုက်ပန့်စ်တို့ကို ကူးစက်နိုင်ခြင်းမရှိကြောင်းကိုလည်း အိမ်ဖြူတော်မှ ဖြည့်စွက်ပြောကြားသည်။
အို ဘရိုင်ယန်သည် ယခုလအစောပိုင်းက ထရမ့်နှင့်အတူ ဖလော်ရီဒါသို့ ခရီးသွားခဲ့သည်။ ယင်းခရီးစဉ်ပြီးဆုံးသည့်နောက်တွင်မူ အိုဘရိုင်ယန်နှင့် ထပ်မံတွေ့ဆုံခြင်းမရှိခဲ့ကြောင်း သမ္မတထရမ့်က သတင်းထောက်များအား ပြောကြားသည်။
အိမ်ဖြူတော်ဝန်ထမ်းများအား COVID-19 စစ်ဆေးမှု ပုံမှန်ပြုလုပ်လျှက်ရှိသည်။ အို ဘရိုင်ယန်သည် ဗိုင်းရပ်စ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသည့် အဆင့်အမြင့်ဆုံးသော အိမ်ဖြူတော်အရာရှိဖြစ်သည်။
အမေရိကန်တွင် COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားနေဆဲဖြစ်ပြီး ယခုအချိန်အထိ ရောဂါပိုးကူးစက်ခံရသူ ၄သန်းခွဲနီးပါး(၄၄၉၈၃၄၃ ဦး)ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
Source: NHK
Ref: Trump's security adviser tests positive for virus
Crd : Popular

0 comments:

Post a Comment