Tuesday, July 28, 2020

သီတဂူဆရာတော်ကြီးက မန္တလေး မစိုးရိမ်တိုက်သစ်သို့ ဆွမ်းဆန်တော် တင်း ၂၀၀၀ ၊ ဆီ၂၀၀၀ ပိဿာ လှူမည်

မစိုးရိမ်တိုက်သစ် နာယက စာချ စာသင် သံဃာတော်များ ဆွမ်းကိစ္စ ချမ်းသာစွာဖြင့် ဓုရနှစ်ဖြာ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ကြစေရန် ရည်သန်တော်မူလျက် သီတဂူဆရာတော်ကြီးက "ဆွမ်းဆန် တင်းရေ (၂၀၀၀) ဆီပိဿာ (၂၀၀၀) တို့ကို နှစ်ရစ်ခွဲ၍ ပေးပို့လှူဒါန်းမည့်အကြောင်း " သီတဂူ နာယကဆရာတော်များကို မစိုးရိမ်တိုက်သစ် နာယကဆရာတော်များထံ စေလွှတ်ကာ မိန့်ကြား လျှောက်ထားစေခဲ့ကြောင်း သိရသည်။
ဓမ္မထေရိယ (သီရိရွှေစင်) ငါးထပ်ကျောင်းဆောင်၌ မဟာနာယက ဓမ္မသမိဒ္ဓိ ဆရာတော်နှင့် ဓမ္မာဓိပတိဆရာတော်၊ ဓမ္မဂါရဝဆရာတော်တို့ ကြွရောက်၍ သီတဂူဆရာတော်ကြီး၏ အမှာစကားနှင့် ဆွမ်းဆန်တော် နဲ့ ဆီအလှူတော်ကို အလှူခံတော်မူကြသည်။
ဤသို့သော သာသနာနုဂ္ဂဟ ကုသိုလ်တော်ကြောင့် သီတဂူဆရာတော်ကြီး အမှူးပြုသည့် သီတဂူနာယကဆရာတော်များ အားလုံး သက်တော် ဝါတော် သဒ္ဓါပျော်လျက် ရာကျော်အသက်ရှည်တော်မူကြပါစေကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ဆုတောင်း ပတ္ထနာပြုအပ်ပါသည်။
crd-သီတဂူစတား #Myanmar_Online_News
>>Zawgyi<<
သီတဂူဆရာတော်ကြီးက မန္တလေး မစိုးရိမ်တိုက်သစ်သို့ ဆွမ်းဆန်တော် တင်း ၂၀၀၀ ၊ ဆီ၂၀၀၀ ပိဿာ လှူမည်
Tuesday, July 28, 2020
မစိုးရိမ်တိုက်သစ် နာယက စာချ စာသင် သံဃာတော်များ ဆွမ်းကိစ္စ ချမ်းသာစွာဖြင့် ဓုရနှစ်ဖြာ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ကြစေရန် ရည်သန်တော်မူလျက် သီတဂူဆရာတော်ကြီးက "ဆွမ်းဆန် တင်းရေ (၂၀၀၀) ဆီပိဿာ (၂၀၀၀) တို့ကို နှစ်ရစ်ခွဲ၍ ပေးပို့ လှူဒါန်းမည့်အကြောင်း " သီတဂူ နာယကဆရာတော်များကို မစိုးရိမ်တိုက်သစ် နာယကဆရာတော်များထံ စေလွှတ်ကာ မိန့်ကြား လျှောက်ထားစေခဲ့ကြောင်း သိရသည်။
ဓမ္မထေရိယ (သီရိရွှေစင်) ငါးထပ်ကျောင်းဆောင်၌ မဟာနာယက ဓမ္မသမိဒ္ဓိ ဆရာတော်နှင့် ဓမ္မာဓိပတိဆရာတော်၊ ဓမ္မဂါရဝဆရာတော်တို့ ကြွရောက်၍ သီတဂူဆရာတော်ကြီး၏ အမှာစကားနှင့် ဆွမ်းဆန်တော် နဲ့ ဆီအလှူတော်ကို အလှူခံတော်မူကြသည်။
ဤသို့သော သာသနာနုဂ္ဂဟ ကုသိုလ်တော်ကြောင့် သီတဂူဆရာတော်ကြီး အမှူးပြုသည့် သီတဂူနာယကဆရာတော်များ အားလုံး သက်တော် ဝါတော် သဒ္ဓါပျော်လျက် ရာကျော်အသက်ရှည်တော်မူကြပါစေကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ဆုတောင်း ပတ္ထနာပြုအပ်ပါသည်။
crd-သီတဂူစတား #Myanmar_Online_News

0 comments:

Post a Comment