Tuesday, July 28, 2020

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်အခြေစိုက်စခန်း လက်မခံဘူးလို့ သမ္မတ ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန် စစ်အခြေစိုက်စခန်း လက်မခံလိုကြောင်းနဲ့ အဲဒီအခြေစိုက်စခန်းဟာ အနာဂတ် အမေရိကန်နဲ့ တရုတ်အကြား နျူကလီးယားစစ်ပွဲမှာ ပစ်မှတ်ဖြစ်လာမှာ စိုးရိမ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခုချိန် စစ်အခြေစိုက်စခန်း ပေးလုပ်လိုက်ရင်၊ စစ်ပွဲဖြစ်မှာ သေချာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အနုမြူဗုံးတွေ သွင်းလာမှာ မို့လို့ပဲ၊ အဲဒါက ဖိလစ်ပိုင်လူမျိုး ပျောက်သွားလိမ့်မယ်လို့ သမ္မတ ဒူတာတေးက ဇူလိုင်လ ၂၇ ရက်နေ့မှာ လွှတ်တော်အမတ်တွေကို ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက တရုတ်နဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုမှာ အမေရိကန်အနေနဲ့ ဖိလစ်ပိုင်ဘက်က ရပ်တည်မယ်လို့ ရှင်းလင်းစွာ ပြေထားပေမယ့် သမ္မတ ဒူတာတေး ပြောတာတွေက အငြင်းပွားဖွယ် ဖြစ်နေတာပါ။
ဝါရှင်တန်ရှိ စစ်ရေးသုံးသပ်သူတွေကလည်း တရုတ်ရဲ့ စစ်အင်အားကြီးထွားလာမှုကို တုံ့ပြန်ဖို့ ဖိလစ်ပိုင်ဟာ အမေရိကန် စစ်အခြေစိုက်စခန်း ဖွင့်ဖို့ မသင့်တော်ဘူးလို့ သုံးသပ်ကြပါတယ်။
သမ္မတ ဒူတာတေးက သူ့အနေနဲ့ အမေရိကန်ကိုလည်း မဆန့်ကျင်သလို တရုတ်ကိုလည်း မဆန့်ကျင်ဘူးလို့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
crd-MCN TV NEWS #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment