Wednesday, July 29, 2020

ချစ်ခန်းကြိုက်ခန်းများ ရိုက်ကူးပါက COVID-19 ကာကွယ်နိုင်ရန်အတွက် Quarantine (၅)ရက် ဝင်ရမည်ဖြစ်

COVID-19 ကာလ ရုပ်ရှင်၊ဗီဒီယို၊ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးရာမှာ မင်းသား ၊မင်းသမီးတွေ အချစ်ဇာတ်ဝင်ခန်း ရိုက်ကူးဖို့ (၅)ရက်တာ ကြိုတင် Quarantine ဝင်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါက်တာ မြင့်ထွေးက ပြောကြားလိုက်ပါတယ်၊၊
ဇူလိုင် (၂၈)ရက် မနက်ပိုင်းက Covid 19 ကာလအတွင်း ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်နဲ့ မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဌ ဦးဇော်မင်း တို့ ရဲ့ ရုပ်ရှင်၊ဗီဒီယို၊ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးခွင့်နဲ့ ပတ်သက်ပြီး အွန်လိုင်းက တိုက်ရိုက် ဆွေးနွေးမှုမှာ ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။
ရုပ်ရှင်အချစ်ဇာတ်လမ်းတွဲ ရိုက်ကူးမယ်ဆိုရင်တော့ မင်းသားနဲ့ မင်းသမီးကို (၅)ရက်တာ ခေါ်ထားပြီး Quarantine လုပ်ပါ ၊ ဇာတ်ကားမပြီးမချင်း အိမ်ကိုတော့ ပြန်လို့မရဘူးလို့ ဒေါက်တာ မြင့်ထွေးက ပြောပါတယ်၊၊
ဒီသတ်မှတ်ချက်ကြောင့် အချစ်ဇာတ်ဝင်ခန်း ရိုက်ကူးနိုင်ဖို့အတွက် က အနုပညာရှင်တွေမှာ များစွာအခက်အခဲ ဖြစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ဆိုပါတယ်၊၊
အခုအွန်လိုင်းဆွေးနွေးမှုမှာ ရုပ်ရှင်ရိုက်ကူးမှုနဲ့ ထုတ်လုပ်မှုအပိုင်း၊ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ပြသနိုင်ရေးအပြင် ချေးငွေတောင်းခံတာတွေကိုပါ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်၊၊

0 comments:

Post a Comment