Wednesday, July 29, 2020

အမေရိကန်ရေတပ်နှင့် ဂရိရေတပ် တို့ပူးပေါင်း၍ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်

အမေရိကန်ရေတပ်အနေဖြင့် မြေထဲပင်လယ်အတွင်း ဂရိရေတပ်ဖြင့်ပူးပေါင်း ကာ ၂၄-၇-၂၀၂၀ ရက်နေ့မှ ၂၈-၇-၂၀၂၀ ရက်နေ့အထိ ရေကြောင်းဆိုင်ရာစစ်ရေးလေ့ ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါလေ့ကျင့်ခန်းတွင် စစ်ရေယာဉ်များပုံပြုမောင်းနှင်ခြင်း၊ နည်းဗျူဟာမြောက် စစ်ကစားလှုပ်ရှားလေ့ကျင့်ခြင်း၊ ပင်လယ်ပြင်ဆက်သွယ်ရေးလေ့ကျင့်ခန်းများနှင့် နှစ်နိုင်ငံရေတပ်အကြား ကွပ်ကဲထိန်းချုပ်မှု အပြန်အလှန်နားလည်မှုရရှိစေရန်အတွက် ပြုလုပ်လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်ရေတပ်အနေဖြင့် အဆိုပါလေ့ကျင့်ခန်း၌ Dwight D. Eisenhower (IKE) လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်အုပ်မှ Nimitz အတန်းအစား လေယာဉ်တင် သင်္ဘော USS Dwight D. Eisenhower (CVN 69) ၊ ပဲ့ထိန်းဒုံးပျံတင် ခရူဇာစစ်ရေယာဉ် San Jacinto (CG-56) ၊ Arleigh Burke အတန်းအစား ပဲ့ထိန်းဒုံးပျံတင် ဖျက်သင်္ဘော USS Truxtun (DDG 103) စသည့် စစ်ရေယာဉ်များ ပါဝင်ခဲ့ပါသည်။ ဂရိရေတပ်မှ မြေထဲပင်လယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဖရီဂိတ်စစ်ရေယာဉ် HS Aegean (FFGH 460) မှ ပါဝင်လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်း၏တာဝန်မှာ လေယာဉ်တင်သင်္ဘော စစ်ရေယာဉ်အုပ်အနီးရှိ လေကြောင်းရန်ကာကွယ်ရေးစစ်ရေ ယာဉ်အဖြစ် တည်နေရာရှာဖွေခြင်း၊ ပစ်မှတ်သတ်မှတ်ခြင်းတို့ပြုလုပ်ရမည်ဖြစ်ပြီး လေယာဉ်တင်သင်္ဘောမှ လေယာဉ်များ အတက်/အဆင်းပြုလုပ်နိုင်ရေးအတွက် စောင့်ကြပ်ပေးရမည်ဖြစ်ပါသည်။ အမေရိကန်ရေတပ်မှ အဆိုပါစစ်ရေယာဉ်အုပ်သည် အမှတ်(၆) စစ်ရေယာဉ်တပ်ပေါင်းစု၏ စစ်ဆင်ရေးဧရိယာတွင် တာဝန် ထမ်းဆောင်ကာ ဥရောပနှင့် အာဖရိကဒေသများရှိ အမေရိကန်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။ အမှတ်(၆) စစ်ရေယာဉ်တပ်ပေါင်းစု၏ အခြေစိုက်ရာနေရာမှာ အီတလီနိုင်ငံ၊ Naples မြို့တွင်ဖြစ် ပါသည်။ လက်ရှိအချိန်တွင် Dwight D. Eisenhower (IKE) လေယာဉ် တင်သင်္ဘော စစ်ရေယာဉ်အုပ်(CSG-10) အား ဗိုလ်ချုပ် Brenden Mc.lane မှ ကွပ်ကဲ အုပ်ချုပ်လျက်ရှိပြီး လေယာဉ်တင်သင်္ဘောအခြေပြု ရေကြောင်းဆိုင်ရာလေတပ်ဖွဲ့ (CVW-3) အပါအဝင် ခရူဇာ ၃ စီးနှင့် အစောင့်လိုက်ဖျက်သင်္ဘောများပါဝင်ကြောင်း သိရှိရပါသည်။ အမေရိကန်ရေတပ်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် အာရုံစူး စိုက်မှုအား လျှော့ချခဲ့သော်လည်း စစ်ဆင်ရေးဧရိယာအလိုက် အခြားသောရေတပ်များ ဖြင့် စစ်ရေးလေ့ကျင့်မှုများအား ပုံမှန်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment