Wednesday, July 29, 2020

လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရဝင်ရောက်ရှာဖွေရာ မောင်တောမြို့နယ်၊ ပန်းတောပြင်(အနောက်ရွာ)၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်(အနောက်ရွာ)နေ ရှော်မာန်ဟာ (ဘ)ခေါ်လီရာမာန်၏နေအိမ်အား ဇူလိုင် ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဗီရိုအံဆွဲအတွင်းထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၇၅ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၂၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment