Tuesday, July 28, 2020

ဖျာပုံမြို့နယ်တွင် ကောက်စိုက်နေသည့် အသက် ၅၇ နှစ်အရွယ်ရှိ အမျိုးသမီး ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အစီးကလေးကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာနေ ဒေါ်ကြည်(၅၇နှစ်)ဟာ ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က လယ်ကွင်းထဲမှာ ကောက်စိုက်နေစဉ် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ချခံရလို့ မျက်နှာနဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်တို့မှာ မီးလောင် ညိုမဲဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးရဲ့မိသားစုကို ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက စာဖြူစု ကျေးရွာသို့ သွားရောက်ပြီး ငွေကျပ် ၃ သိန်းထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် မိုးရာသီအတွင်းမှာ ဖျာပုံခရိုင်အတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ သူ ၄ ဦးရှိတယ်လို့ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment