Tuesday, July 28, 2020

ကျောက်ဖြူလေဆိပ်ကို အဆင့်မြှင့်မည်

ဒုတိယကမ္ဘာစစ်အတွင်းက ဆောက်လုပ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူလေဆိပ်ကို အဆင့်မြှင့်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ပြောသည်။
အဆိုပါလေဆိပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက စစ်လေယာဉ်ငယ်များအသုံးပြုရန် အလျား ၂၅၀၀ပေရှည်သော သံပြားပေါက်ခင်း လေယာဉ်ပြေးလမ်းတည်ဆောက်ခဲ့သော လေဆိပ်တစ်ခုဖြစ်ကာ လွတ်လပ်ရေးရပြီးနောက် အလျားပေ ၃၆၀၀၊အကျယ် ပေ ၁၀၀သံပြားပေါက်ခင်း လေယာဉ်ပြေးလမ်းအဖြစ်၊၁၉၅၅တွင် အလျားပေ ၄၆၂၀၊အကျယ် ပေ ၁၀၀ လမ်းသားအထူ ၁၀လမ်မရှိ ကျောက်ကတ္တရာခင်း လေယာဉ်ပြေးလမ်းအဖြစ်ပြုပြင်တည်ဆောက်ခဲ့သော လေဆိပ်တစ်ခုဖြစ်သည်။
ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက နိုင်ငံတကာအဆင့်မီရင်းနှီးမြှပ်နှံမှုများရှိနေသည့် နေရာတစ်ခုမှ လေဆိပ်တစ်ခု၏ ဆိုးရွားသော ပုံရိပ်ပကတိအနေအထားများကို ပြပြီး အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိပါသလားဆိုသော မေးခွန်းမေးစဉ် ဒုတိယဝန်ကြီးက ရှိပါကြောင်း ယနေ့ အမျိုးသားလွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်ထုမေက လေဆိပ်အတွင်း တံခါးပင် ပိတ်၍မရ၊ရေများအိုင်နေသည့် သန့်စင်ခန်း၊ကျိုးပဲ့နေသည့် လေဆိပ်အတွင်းမှ ခုံများ၊ဟောင်းနွမ်းနေသည့် လမ်းများကို လွှတ်တော်အား ပြသခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဒုတိယဝန်ကြီး ဦးကျော်မျိုးက ကျောက်ဖြူလေဆိပ်ကို ယခင်ပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၀၆၊၂၀၀၇၊၂၀၀၈ ဘဏ္ဍာနှစ်များက ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၁၂သန်းဖြင့် လေယာဉ်ပြေးလမ်း၊လေယာဉ် ရပ်နား နေရာများကို ကျောက်မျက်နှာပြင်ညှိခြင်းလုပ်ငန်းကိုလည်းကောင်း၊၂၀၀၉-၂၀၂၀ ဘဏ္ဍာရေး ၂နှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၀၀၀ဖြင့် လေယာဉ်ပြေးလမ်းကို ထပ်ပိုးလွှာ ၃လက်မတင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့သည့်အကြောင်းနှင့် ယခင်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်များကလည်း ကျပ် ၇၈.၁၂သန်းဖြင့် လေဆိပ် အဆောက်အဦးကို ဆောင်ရွက်ခဲ့မှုများ၊၂၀၁၁-၂၀၁၂-၂၀၁၃-၂၀၁၄ အစရှိသည့် ဘဏ္ဍာနှစ်များတွင်လည်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၅၀၀၀ကျော်ဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းများဆောင်ရွက်ခဲ့မှုများ၊၂၀၀၆မှ ၂၀၁၉ အထိ ငွေကျပ် သန်းပေါင်း ၆၈၀၀ကျော်သုံးပြီး ကျောက်ဖြူလေဆိပ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အကြောင်း စသည်တို့ကို လွှတ်တော်အား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ရှေ့ဘဏ္ဍာနှစ်တွင် လျာထားတင်ပြတောင်းခံထားကာ ဘဏ္ဍာငွေများ ရရှိပါက ခရီးဆောင်အိတ်များ စနစ်တကျရွေးယူနိုင်ရေး၊လေဆိပ်ပြေးလမ်းမွမ်းမံရေးနှင့် ခရီးသည်နားနေဆောင်များ အဆင့်မြှင့်တင်တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဟု ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။
crd-ကိုမင်း/Myanmar Harp #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment