Wednesday, July 29, 2020

တနင်္သာရီတိုင်း ပုလောမြို့နယ်မှ ၂၀၂၀အတွက် NLD ပါတီဗဟိုမှ ရွေးချယ်သော အမတ်များအား ဒေသခံများမှ ကျေနပ်မှုမရှိသဖြင့် ကန့်ကွက်ထားကြောင်းသိရ

တနင်္သာရီတိုင်း ပုလောမြို့နယ် ပြည်သူများက မကြိုက်နှစ်သက်သဖြင့် ကန့်ကွက်ဆန္ဒပြထားသော အမျိုးသားလွတ်တော်အမတ် ဦးကင်းရှိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းခင်ကို ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီဗဟိုမှ ထပ်မံရွေးချယ်ထားသဖြင့် ဒေသခံပြည်သူများမှ မကျေနပ်မှုများဖြစ်ပေါ်နေပါတယ်။
ဦးကင်းရှိန်ဟာ အသက် ၈၁ နှစ်အရွယ်ရှိပြီး။ ဦးအုန်းခင်က ၆၅ နှစ်အရွယ်ရှိနေပြီးဖြစ်သဖြင့် အသက်ရွယ်အရလည်းကြီးရင့်နေသူများဖြစ်သဖြင့် ပါတီလူငယ်များမှလည်း မကျေနပ်ကြဘူးလို့ သိရှိရပါတယ်။
ဒါကြောင့် အမတ်လောင်းများကို အမြန်းဆုံးပြောင်းလဲပေးဖို့တောင်းဆိုနေကြကြောင်း သိရှိရပါတယ်။
Crd : ဟစ်တိုင်

0 comments:

Post a Comment