Tuesday, July 28, 2020

ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ် နေရာများသို့ ထရမ့်သွားရောက်ကြည့်ရှု

မြောက်ကိုရိုလိုင်းနားနဲ့ ဖလော်ရီဒါပြည်နယ်တို့ရှိ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်တွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတ မိုက်ခ်ပန့်စ်တို့ဟာ အခုလ(၂၇)ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတထရမ့်ဟာ Morrisville မြို့ရှိ the FUJIFILM Diosynth Biotechnologies' Innovation Center ကို သွားရောက်ခဲ့ပြီး၊ ကာကွယ်ဆေးထုတ်လုပ်နေမှုတွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။
ဖက်ဒရယ်အစိုးရရဲ့ Operation Warp Speed ကာကွယ်ဆေးထုတ်လုပ်မှုအစီအစဉ်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ထိရောက်ကောင်းမွန်တဲ့ Covid-19 ကာကွယ်ဆေး သန်းသုံးရာကို တပြိုင်နက်တည်း ထုတ်လုပ်တင်ပို့သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
Novavax ကုမ္ပဏီက ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ အဆင့်(၁)ထုတ်လုပ်မှုတွေကို စတင်နေပြီလည်းဖြစ်ပါတယ်။ နောက်ထပ်စမ်းသပ်မှုတွေကိုလည်း လူနာအယောက်သုံးသောင်းနဲ့ စမ်းသပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အမျိုးသားကာကွယ်ဆေး ထိပ်တန်းဆေးပညာရှင် ဒေါက်တာ Anthony Fauci ကလည်း အခုနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ သုံးလလောက်အလိုမှာ သမ္မတထရမ့်အနေနဲ့ Covid-19 ကာကွယ်ဆေးထုတ်လုပ်နေမှုလုပ်ငန်းတွေကို အလေးထားလုပ်ကိုင်နေတာတွေကိုလည်း မြင်တွေ့နေရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment