Tuesday, July 28, 2020

မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၄ ဦး လိုက်ပါလာသည့် (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး ကြေညာ

မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကမ္ဘာအနှံ့မှ မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ပျံသန်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၈-၇-၂၀၂၀ ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် (၁၅)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
အဆိုပါလေယာဉ်ခရီးစဉ်၌ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၃၇) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၃၀) ဦး၊ အီဂျစ်မှ (၅) ဦး၊ ကနေဒါမှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၅) ဦး၊ ဘလ်ဂျီယံမှ (၄) ဦး၊ အီတလီမှ (၄) ဦး၊ ဟန်ဂေရီမှ (၃) ဦး၊ ဆိုက်ပရပ်မှ (၂) ဦး၊ ဂျပန်မှ (၂) ဦး၊ ဂျာမနီမှ (၁) ဦး၊ သင်္ဘောသား(၁၆) ဦးနှင့် မြန်မာနိုင်ငံမှ လာရောက်ပြီး လေဆိပ်၌ ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၁၁၄)ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သိရပါသည်။
>>Zawgyi<<
မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၄ ဦး လိုက်ပါလာသည့် (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး ကြေညာ
Tuesday, July 28, 2020
မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကမ္ဘာအနှံ့မှ မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေး အတွက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ပျံသန်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၈-၇-၂၀၂၀ ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
အဆိုပါလေယာဉ်ခရီးစဉ်၌ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၃၇)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၃၀) ဦး၊ အီဂျစ်မှ (၅) ဦး၊ ကနေဒါမှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၅) ဦး၊ ဘလ်ဂျီယံမှ (၄) ဦး၊ အီတလီမှ (၄) ဦး၊ ဟန်ဂေရီမှ (၃) ဦး၊ ဆိုက်ပရပ်မှ (၂) ဦး၊ ဂျပန်မှ (၂) ဦး၊ ဂျာမနီမှ (၁) ဦး၊ သင်္ဘောသား(၁၆) ဦးနှင့် မြန်မာနိုင်ငံမှ လာရောက်ပြီး လေဆိပ်၌ ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၁၁၄)ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သိရပါသည်။

0 comments:

Post a Comment