Tuesday, July 28, 2020

မြန်မာနိုင်ငံတွင် နှစ်စဉ် အသည်းရောင်အသားဝါဖြစ်ပွားသူ ငါးသန်းခန့်ရှိ

မြန်မာနိုင်ငံမှာ နှစ်စဉ်လူဦးရေငါးသန်းက အသည်းရောင်အသားဝါဘီ(သို့မဟုတ်)စီဖြစ်နေတယ်လို့ မြန်မာအသည်း ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောပါတယ်။
အသည်းရောင်ရောဂါဖြစ်ပွားနေသူတွေဟာအသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါတွေဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အတွက် သတိပြုဖို့လိုတယ်လို့ဆိုပါတယ်။ ဇူလိုင်လ၂၈ရက်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကသတ်မှတ်ထားတဲ့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ အသည်းရောင်ရောဂါတွေက အမျိုးအစားအနေနဲ့အေကနေအီးအထိငါးမျိုး ရှိပါတယ်။ အဖြစ်များတဲ့အသည်းရောင်အသားဝါဘီရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးပြီးကြိုတင်ကာကွယ်ထားသင့် တယ်လို့ ဒေါက်တာဒေါ်ခင်ပြုံးကြည်က အကြံပြုပြောကြားထားပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကမ္ဘာ့လူဦးရေ ၃၂၅သန်းကျော်က အသည်းရောင်ရောဂါဖြစ်နေကြပြီး နှစ်စဉ်၁.၄သန်းက အသက်ဆုံးရှုံးနေတယ်လို့ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment