Tuesday, July 28, 2020

ကယားပြည်နယ်မှ မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ နှစ်ဦး နုတ်ထွက်စာတင်ထား

ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဥက္ကဋ္ဌနှစ်ဦး နုတ်ထွက်စာတင်ထားကြောင်း ကယားပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောကြားသည်။
ရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် တရားမျှတမှု မရှိသည့်အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်လိုက်ကြောင်း ဖရူဆိုမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဂျိုဝါးနီက ဇူလိုင် ၂၈ ရက်တွင် ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ထို့အတူ ဖားဆောင်းမြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေမှာ ပါတီမှ အနားယူလိုသဖြင့် ဇူလိုင် ၂၅ ရက်တွင် နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။
"သူတို့နှစ်ယောက်နုတ်ထွက်စာ တင်ထားတယ်။ ကိုယ်စားလှယ် ရွေးတဲ့အခါကျတော့ ဆရာတို့ကလည်း ရွေးတာမဟုတ်ဘူး။ အဆင့်ဆင့်ရွေးကြတာ။ သူသတ်မှတ်ထားတဲ့စံနဲ့ပေါ့။ သတ်မှတ်ချက်နဲ့ မကိုက်လို့ မပါလာတာလို့ပဲ ဆရာမြင်ပါတယ်''ဟု ဦးသောင်းဌေးက ပြောကြားသည် ။
ကယားပြည်နယ်အဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် ပဏာမ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပထမဦးစားပေးနှင့် ဒုတိယ ဦးစားပေးအဆင့် စသည်ဖြင့် သတ်မှတ်ထားပြီး ပထမ ဦးစားပေးစာရင်းတွင် ၃၃ ဦး၊ ဒုတိယ ဦးစားပေးစာရင်းတွင် ၂၈ ဦး စုစုပေါင်း ၆၁ ဦးရှိကြောင်း သိရသည်။
သို့သော် NLD ပါတီ CEC ဆုံးဖြတ်ချက်အရ နောက်ဆုံး ရွေးချယ်ထုတ်ပြန်လိုက်သည့်စာရင်းတွင် မြို့နယ်အဆင့်၌ မြို့မိမြို့ဖများက ရွေးချယ်ထားသောသူများ အနည်းငယ်ပါဝင်ခဲ့ပြီး ဒုတိယ ဦးစားပေးဆင့်ရှိသူများနှင့် မည်သည့် ဦးစားပေးမှုမျှ မရှိသောသူများလည်း ပါဝင်လာကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်၌ NLD ပါတီအနေဖြင့် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးသုံးဦးမှာ ရွေးကောက်ပွဲဝင်ရန် ပြန်လည်ရွေးချယ်ခံထားရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ ဦးတွင် အမျိုးသမီး ခြောက်ဦးပါဝင်ကြောင်း သိရသည်။
crd-elevenmediagroup #Myanmar_Online_News
>>Zawgyi<<
ကယားပြည်နယ်မှ မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ နှစ်ဦး နုတ်ထွက်စာတင်ထား
Tuesday, July 28, 2020
ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဥက္ကဋ္ဌ နှစ်ဦး နုတ်ထွက်စာ တင်ထားကြောင်း ကယားပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောကြားသည်။
ရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် တရားမျှတမှု မရှိသည့်အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်လိုက်ကြောင်း ဖရူဆိုမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဂျိုဝါးနီက ဇူလိုင် ၂၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ထို့အတူ ဖားဆောင်းမြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေမှာ ပါတီမှ အနားယူလိုသဖြင့် ဇူလိုင် ၂၅ ရက်တွင် နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။
"သူတို့နှစ်ယောက်နုတ်ထွက်စာ တင်ထားတယ်။ ကိုယ်စားလှယ် ရွေးတဲ့အခါကျတော့ ဆရာတို့ကလည်း ရွေးတာမဟုတ်ဘူး။ အဆင့်ဆင့်ရွေးကြတာ။ သူသတ်မှတ်ထားတဲ့စံနဲ့ပေါ့။ သတ်မှတ်ချက်နဲ့ မကိုက်လို့ မပါလာတာလို့ပဲ ဆရာမြင်ပါတယ်''ဟု ဦးသောင်းဌေးက ပြောကြားသည် ။
ကယားပြည်နယ်အဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် ပဏာမ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးအဆင့် စသည်ဖြင့် သတ်မှတ်ထားပြီး ပထမ ဦးစားပေးစာရင်းတွင် ၃၃ ဦး၊ ဒုတိယဦးစားပေးစာရင်းတွင် ၂၈ ဦး စုစုပေါင်း ၆၁ ဦးရှိကြောင်း သိရသည်။
သို့သော် NLD ပါတီ CEC ဆုံးဖြတ်ချက်အရ နောက်ဆုံး ရွေးချယ်ထုတ်ပြန်လိုက်သည့်စာရင်းတွင် မြို့နယ်အဆင့်၌ မြို့မိမြို့ဖများက ရွေးချယ်ထားသောသူများ အနည်းငယ်ပါဝင်ခဲ့ပြီး ဒုတိယ ဦးစားပေးဆင့်ရှိသူများနှင့် မည်သည့် ဦးစားပေးမှုမျှ မရှိသောသူများလည်း ပါဝင်လာကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်၌ NLD ပါတီအနေဖြင့် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးသုံးဦးမှာ ရွေးကောက်ပွဲဝင်ရန် ပြန်လည်ရွေးချယ်ခံထားရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ ဦးတွင် အမျိုးသမီး ခြောက်ဦးပါဝင်ကြောင်း သိရသည်။
crd-elevenmediagroup #Myanmar_Online_News

0 comments:

Post a Comment