မလေးရှားပင်လယ်ပြင်မှာ ရေနစ်သွားခဲ့ကြတယ်လို့ ယူဆခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ဘင်္ဂါလီဒုက္ခသည် ၂၆ ဦးကို ကျွန်းတကျွန်းပေါ်မှာ ပုန်းအောင်းနေကြတာ တွေ့ရှိခဲ့ရကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီ ၂၆ ဦးထဲမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၀ ဦး နဲ့ ကလေး ၄ ဦးပါဝင်ပြီး၊ သူတို့ဟာ တနင်္ဂနွေနေ့က ကျွန်းပေါ်ကို တက်ရောက်ပုန်းအောင်းနေခဲ့ကြတာလို့လည်း သိရပါတယ်။ သူတို့ကို ဌာနေ တံငါသည်တွေက ပင်မ သင်္ဘောပေါ်ကနေ လန်ကာဝီ ကျွန်းမကြီးအနီးက ကျွန်းငယ်တခုကို သယ်ပို့ပေးခဲ့ကြတာဖြစ်တယ်လို့ လူဝင်မှုဆိုင်ရာ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ဒုက္ခသည်တွေကို ဆက်လက်စစ်ဆေးဖို့ ထိန်းသိမ်းထားပြီး၊ လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ ဒါ့ပြင် ဘင်္ဂါလီနှစ်ဦးကိုလည်း လူမှောင်ခိုမှုနဲ့ ဖမ်းဆီးထားပါတယ်။
Source - RFA
0 comments:
Post a Comment