ပြင်သစ်ရေတပ်မှ Barracuda အတန်းအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော SNA Suffren အား မြေထဲပင်လယ်အတွင်းတွင် ပထမအဆင့်အနေဖြင့် ပင်လယ်ပြင်လက်တွေ့စမ်းသပ်စစ်ဆေးခြင်းများအား စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၇-၇-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရေ သိရှိရပါသည်။
ထို့ကြောင့် ၎င်းရေငုပ်သင်္ဘောသည် Toulon ရေတပ်အခြေစိုက်စခန်းတွင်ရောက်ရှိနေပြီး ပြင်ဆင် မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းရေငုပ်သင်္ဘောအား Naval Group ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းမှ တည်ဆောက်ပေးခြင်းဖြစ်ပြီး Rubis အတန်းအစား ရေငုပ်သင်္ဘောအား အခြေခံကာ အဆင့်မြှင့်တင်ထားခြင်းဖြစ် ကြောင်းသိရှိရပါသည်။
ပြင်သစ်ရေတပ်အနေဖြင့် Naval Group ရေယာဉ်တည်ဆောက်ရေးအား ၆ စီး တည်ဆောက်ရန် ကန်ထရိုက်ပေးထားကြောင်း တွေ့ရှိရပါသည်။ တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၀၇ ခုနှစ်မှစတင်ကာ အခြေတည်ကာ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ လွန်းကျင်းတွင် တည်ဆောက်ဆဲ ရေငုပ်သင်္ဘော ၂ စီးနှင့် ပင်လယ် ပြင်လက်တွေ့စမ်းသပ်စစ်ဆေးမည့် ရေငုပ်သင်္ဘော ၁ စီးတို့အား တည်ဆောက်နိုင်ခဲ့ ကြောင်းတွေ့ရှိရပါသည်။
အဆိုပါ Project အား ပြင်သစ်ရေတပ်အနေဖြင့် Naval Group ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းဖြင့် ရေငုပ်သင်္ဘော ၁ စီးလျှင် တန်ကြေး ယူရို ငွေကြေး ၁၃၀၀ မီလီယံဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း တွေ့ရှိရပါသည်။ SNA Suffren အား ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဧရာခင်းကာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ရေချနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ပြင်သစ်ရေတပ်အနေဖြင့် SNA Suffren အား ၂၀၂၁ ခုနှစ်တွင် တပ်တော်ဝင်နိုင်ရန်အတွက် မျှော်မှန်းထားရှိကြောင်း တွေ့ရှိရပါသည်။ စာချုပ်ပါအချက်အလက်များအရ ပြင်သစ်ရေတပ်အနေဖြင့် အဆိုပါ ရေငုပ်သင်္ဘော ၆ စီးအား ၂၀၃၀ ပြည့်နှစ်တွင် ပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း တွေ့ရှိရပါ သည်။ ၎င်းရေငုပ်သင်္ဘာများ၏အရွယ်အစားမှာ အလျား ၉၉.၅ မီတာ၊ အနံ ၈.၈ မီတာ၊ ရေစူး ၇.၃ မီတာ၊ တန်ချိန်ပေါင်း ရေပေါ်တွင် ၄၇၆၅ နှင့် ရေအောက်တွင် ၅၃၀၀ တန်ရှိမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရေငုပ်သင်္ဘော၌ Nuclear Reactor K-15 တပ်ဆင်ထားရှိသည့်အတွက်ကြောင့် တစ်နာရီလျှင် ရေအောက်၌ ၂၅ မိုင်နှုန်းဖြင့် မောင်းနှင်စစ်ဆင်နိုင်ပြီး ရက်ပေါင်း ၇၀ ခန့်ကြာအောင် စစ်ဆင်ရေးတာဝန်များထမ်း ဆောင်နိုင်မည်ဖြစ်ပါသည်။ လက်နက်စနစ်တပ်ဆင်မှုတွင် ၅၃၃ မမ တော်ပီဒိုပြွန် ၄ ခု၊ MDCN SCALP Naval ဒုံးပျံများ၊ Exocet SM 39 Block-II ဒုံးပျံများ၊ F 21 Artemil တော်ပီဒိုများနှင့် FG 29 မိုင်းများ တင်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ SNA Suffren တွင် ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခြင်းပြုလုပ်ရာ၌ အရာရှိ၊ စစ်သည် ၆၅ ဦး ပါဝင်မည်ဖြစ်ပြီး ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းမှ နည်းပညာပိုင်းဆိုင်ရာပညာရှင် များနှင့် အင်ဂျင်နီယာများပါဝင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
SNA Suffren တွင် လိုက်ပါသွားကြမည့် ဒုတိယဗိုလ်မှူးကြီး Axel Roche ဦးဆောင်သည့် အရာရှိ၊ စစ်သည် ၆၅ ဦးသည် တာဝန်ထမ်းဆောင်ရာတွင် အသင့်ဖြစ်ရန် ဆင်မြူလေတာများဖြင့် ၃ နှစ် ခန့်ကြာမြင့်အောင် ကြိုတင်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ပြင်သစ် ရေတပ်အနေဖြင့် ၎င်းအတန်းအစား ရေငုပ်သင်္ဘောများအား ပထမမျိုးဆက် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ တပ်တော်ဝင်စာရင်းမှ ဖျက်သိမ်းပြီးပါက အစားထိုးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ဆောက်စေခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
crd-Mg Moe #Myanmar_Online_News
0 comments:
Post a Comment