Tuesday, July 28, 2020

ရုရှားနိုင်ငံသည် ပင်လယ်နက်ပေါ်မှ ဖြတ်သန်းသွားသော အမေရိကန်ထောက်လှမ်းရေး လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့

ရုရှားနိုင်ငံသည် ပင်လယ်နက်ပေါ်တွင် ရုရှားနိုင်ငံနယ်စပ်ကိုချည်းကပ်နေသော အမေရိကန်ထောက်လှမ်းရေးလေယာဉ်တစ်စင်းအား ကြားဖြတ်တိုက်ခိုက်ရန်အတွက် Su -27 တိုက်ခိုက်ရေးလေယာဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင်စေလွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်စောင်တွင်ပြောကြားခဲ့ပါသည်။
US ထောက်လှမ်းရေးလေယာဉ်သည် ကီလိုမီတာ ၈၀၀၀ အကွားအဝေးရှိ ရုရှာနိုင်ငံတောင်ပိုင်းနယ်မြေများကို ထောက်လှမ်းနေကြောင်း ရေဒါဖြင့်ဖမ်းယူရရှိခဲ့ပါ သည်။ ထိုကြောင့် ရုရှားနိုင်ငံသည် ကီလိုမီတာ ၁၀၀ အချင်းဝက်အတွင်းရှိပစ်မှတ် ၁၀ ခုကို ချက်ချင်းထောက်လှမ်းရှာဖွေနိုင်သည့်စွမ်းရည်ရှိသည့် Su -27 တိုက်ခိုက်ရေး လေယာဉ်ကို ကမ်းရိုးတန်းလေယာဉ်ကွင်းတစ်ခုမှ စတင်ပျံ့သန်းစေခဲ့ပါသည်။
ထုတ်ပြန်ချက်အရ အမေရိကန်ထောက်လှမ်းရေးလေယာဉ်သည် P- 8A Poseidon တစ်စင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လမ်းကြောင်းတွင် ပျံသန်းခွင့်မပေး ထားကြောင်းဖော်ပြထားပါသည်။ အဆိုပါ US ထောက်လှမ်းရေးလေယာဉ်သည် လမ်းကြောင်းပြောင်းရန်အတွက် ဖိအားပေးခံခဲ့ရပြီး ရုရှားနိုင်ငံနယ်စပ်မှ အဝေးသို့ မောင်းနှင်ပျံသန်းသွားခဲ့ကြောင်း ဝန်ကြီးဌာနမှပြောကြားခဲ့ပါသည်။
ကြာသပတေးနေ့နှင့် သောကြာနေများတွင်လည်း ပင်လယ်နက်ပေါ်မှ ပျံသန်းမှု နှစ်ခုရှိခဲ့ပြီး ယခုအကြိမ်သည်တစ်ပတ်အတွင်းတွင် သုံးကြိမ်မြောက်ဖြစ်ကြောင်း ရုရှားနိုင်ငံမှ ယနေ့ဇူလိုင်လ ၂၈ ရက်နေ့တွင် ရုရှားမီဒီယာများတွင် ဖော်ပြခဲ့ပါသည်။
ရုရှားသည် ခရိုင်မီးယားဒေသကို သိမ်းသွင်းခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်သည်ရုရှားနိုင်ငံအပေါ် ထောက်လှမ်းစောင့်ကြည့်မှုများ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်လာခဲ့ပြီး ၎င်းမှာ ပြဿနာကိုဆွပေးနေသည်ဟုယူဆမိကြောင်း ရုရှားနိုင်ငံ မှ ပြောကြားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်သည် ရုရှားနိုင်ငံသမ္မတပူတင်မှ ပင်လယ်ပြင်တွင် ရုရှား၏ စစ် အင်အားကို တိုးမြှင့်ချထားရန် ထုတ်ပြန်ကြေညာခဲ့ပြီးတစ်ရက်အကြာ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ရေတပ်သည် နျူကလီးယားဒဏ်ခံနိုင်သော လက်နက်များနှင့် ရေအောက်နျူကလီးယားဒရုန်းများကို တပ်ဆင်သွားမည် ဖြစ် ကြောင်းကိုလည်း သမ္မတမှ အတည်ပြုပြောကြားခဲ့ပါသည်။
source-CGTN #Myanmar_Online_News
>>Zawgyi<<
ရုရှားနိုင်ငံသည် ပင်လယ်နက်ပေါ်မှ ဖြတ်သန်းသွားသော အမေရိကန်ထောက်လှမ်းရေး လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့
Tuesday, July 28, 2020
ရုရှားနိုင်ငံသည် ပင်လယ်နက်ပေါ်တွင် ရုရှားနိုင်ငံနယ်စပ်ကိုချည်းကပ်နေသော အမေရိကန်ထောက်လှမ်းရေးလေယာဉ်တစ်စင်းအား ကြားဖြတ်တိုက်ခိုက်ရန်အတွက် Su -27 တိုက်ခိုက်ရေးလေယာဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင်စေလွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်စောင်တွင်ပြောကြားခဲ့ပါ သည်။
US ထောက်လှမ်းရေးလေယာဉ်သည် ကီလိုမီတာ ၈၀၀၀ အကွားအဝေးရှိ ရုရှာနိုင်ငံတောင်ပိုင်းနယ်မြေများကို ထောက်လှမ်းနေကြောင်း ရေဒါဖြင့်ဖမ်းယူရရှိခဲ့ပါ သည်။ ထိုကြောင့် ရုရှားနိုင်ငံသည် ကီလိုမီတာ ၁၀၀ အချင်းဝက်အတွင်းရှိပစ်မှတ် ၁၀ ခုကို ချက်ချင်းထောက်လှမ်းရှာဖွေနိုင်သည့်စွမ်းရည်ရှိသည့် Su -27 တိုက်ခိုက်ရေး လေယာဉ်ကို ကမ်းရိုးတန်းလေယာဉ်ကွင်းတစ်ခုမှ စတင်ပျံ့သန်းစေခဲ့ပါသည်။
ထုတ်ပြန်ချက်အရ အမေရိကန်ထောက်လှမ်းရေးလေယာဉ်သည် P- 8A Poseidon တစ်စင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လမ်းကြောင်းတွင် ပျံသန်းခွင့်မပေး ထားကြောင်းဖော်ပြထားပါသည်။ အဆိုပါ US ထောက်လှမ်းရေးလေယာဉ်သည် လမ်းကြောင်းပြောင်းရန်အတွက် ဖိအားပေးခံခဲ့ရပြီး ရုရှားနိုင်ငံနယ်စပ်မှ အဝေးသို့ မောင်းနှင်ပျံသန်းသွားခဲ့ကြောင်း ဝန်ကြီးဌာနမှပြောကြားခဲ့ပါသည်။
ကြာသပတေးနေ့နှင့် သောကြာနေများတွင်လည်း ပင်လယ်နက်ပေါ်မှ ပျံသန်းမှု နှစ်ခုရှိခဲ့ပြီး ယခုအကြိမ်သည်တစ်ပတ်အတွင်းတွင် သုံးကြိမ်မြောက်ဖြစ်ကြောင်း ရုရှားနိုင်ငံမှ ယနေ့ဇူလိုင်လ ၂၈ ရက်နေ့တွင် ရုရှားမီဒီယာများတွင် ဖော်ပြခဲ့ပါသည်။
ရုရှားသည် ခရိုင်မီးယားဒေသကို သိမ်းသွင်းခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်သည်ရုရှားနိုင်ငံအပေါ် ထောက်လှမ်းစောင့်ကြည့်မှုများ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်လာခဲ့ပြီး ၎င်းမှာ ပြဿနာကိုဆွပေးနေသည်ဟုယူဆမိကြောင်း ရုရှားနိုင်ငံ မှ ပြောကြားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်သည် ရုရှားနိုင်ငံသမ္မတပူတင်မှ ပင်လယ်ပြင်တွင် ရုရှား၏ စစ် အင်အားကို တိုးမြှင့်ချထားရန် ထုတ်ပြန်ကြေညာခဲ့ပြီးတစ်ရက်အကြာ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ရေတပ်သည် နျူကလီးယားဒဏ်ခံနိုင်သော လက်နက်များနှင့် ရေအောက်နျူကလီးယားဒရုန်းများကို တပ်ဆင်သွားမည် ဖြစ် ကြောင်းကိုလည်း သမ္မတမှ အတည်ပြုပြောကြားခဲ့ပါသည်။

0 comments:

Post a Comment