Tuesday, July 28, 2020

ဘိုလီးဗီးယားနိုင်ငံ အကျဉ်းထောင်တွင် Covid-19 ကူးစက်ခံရမှုများကြောင့် ထောင်တွင် ဆူပူမှုဖြစ်ပွား

ဘိုလီးဗီးယားနိုင်ငံ Cochabamba မြို့ရှိ အကျဉ်းထောင်တစ်ခုထောင်တစ်ခုမှာ အကျဉ်းသားတွေဟာ ဆေးဝါးအထောက်အပံ့တွေနဲ့ Covid-19 စမ်းသပ်စစ်ဆေးမှုတွေ ခံယူလိုတာကြောင့် ဆူပူမှု အခုလ(၂၇)ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းထောင်အတွင်း Covid-19 ကြောင့် အကျဉ်းသား သေဆုံးမှုတွေရှိနေပြီး၊ သူတို့တွေဟာ စစ်ဆေးကုသမှုလည်း မရရှိခဲ့ဘူးလို့ အကျဉ်းသားတွေက ပြောပါတယ်။ လက်ရှိအချိန်ထိ အကျဉ်းထောင်ထဲမှာ Covid-19 ကူးစက်ခံရမှုသံသယနဲ့ သေဆုံးသွားတဲ့ အကျဉ်းသားဟာ ရှစ်ဦးရှိပြီဖြစ်ပြီး၊ အကျဉ်းထောင်အတွင်း ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေမှာကိုစိုးရိမ်ရတယ်လို့ အစိုးရခန့်အပ်ထားတဲ့ စုံစမ်းရေးအရာရှိ Nelson Cox ဆိုသူကပြောပါတယ်။
ဘိုလီးဗီးယားနိုင်ငံရှိ အကျဉ်းထောင်တွေမှာ Covid-9 ကြောင့် သေဆုံးသူဟာ အယောက်(၆၀)ကျော်ရှိသွားပြီလို့ အာဏာပိုင်တွေက အစီရင်ခံစာတွေရရှိထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment