ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်သော ညီညီထွန်း ဖမ်းဆီးရမိသည့် သတင်းအား ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
၎င်းအား စစ်ဆေးမေးမြန်းချက်များအရ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ်ပြီး နယ်မြေအတွင်း လိုက်လံစည်းရုံးဟောပြောနေသူ ဒေါ်ခင်မျိုးဆွေ(ဘ) ဦးသိန်းအောင်ချေအား ၎င်း၏နေအိမ်မှ ပျောက်ကျားဝတ်စုံ (လက်မောင်းတံဆိပ်မပါ)တစ်စုံ၊ ရဲယူနီဖောင်းဝတ်စုံ (အဆင့်တံဆိပ်နှင့်လက်မောင်းတံဆိပ်ပါ) နှစ်စုံနှင့်လည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် နယ်မြေအတွင်းရိက္ခာနှင့်ဆက်ကြေးငွေများ ကောက်ခံထောက်ပံ့ပေးနေသူများဖြစ်သည့် ဒေါ်လှသန်းခင်(ဘ)ဦးစံဝေထွန်းနှင့် ဒေါ်ပြားမ (ဘ)ဦးမောင်ဆိုးခိုင်တို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းအရ သိရပါသည်။
>>Zawgyi<<
ကျောက်ဖြူမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူ အမာခံ ၃ ဦးအား ဥပဒေနှင့် အညီဆောင်ရွက်လျက်ရှိ
Tuesday, July 28, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်သော ညီညီထွန်း ဖမ်းဆီးရမိသည့် သတင်းအား ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
၎င်းအား စစ်ဆေးမေးမြန်းချက်များအရ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ်ပြီး နယ်မြေအတွင်း လိုက်လံစည်းရုံးဟောပြောနေသူ ဒေါ်ခင်မျိုးဆွေ(ဘ) ဦးသိန်းအောင်ချေအား ၎င်း၏နေအိမ်မှ ပျောက်ကျားဝတ်စုံ (လက်မောင်းတံဆိပ်မပါ)တစ်စုံ၊ ရဲယူနီဖောင်းဝတ်စုံ (အဆင့်တံဆိပ်နှင့်လက်မောင်းတံဆိပ်ပါ) နှစ်စုံနှင့်လည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် နယ်မြေအတွင်းရိက္ခာနှင့်ဆက်ကြေးငွေများ ကောက်ခံထောက်ပံ့ပေးနေသူများဖြစ်သည့် ဒေါ်လှသန်းခင်(ဘ)ဦးစံဝေထွန်းနှင့် ဒေါ်ပြားမ (ဘ)ဦးမောင်ဆိုးခိုင်တို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းအရ သိရပါသည်။
0 comments:
Post a Comment