Tuesday, July 28, 2020

ကမ္ဘာ့စစ်တုရင် အိုလံပစ်အွန်လိုင်းပြိုင်ပွဲ အုပ်စုပွဲစဉ်အစ မြန်မာအသင်း ၃ရက် ဆက်တိုက် အနိုင်ရနေ

အင်တာနက်ပေါ်မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ ( ၄၄)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲရဲ့ အခြေခံအဆင့် ပွဲစဉ်တွေမှာ မြန်မာအသင်းက ၃ရက် ဆက်တိုက် အနိုင်ရနေတဲ့တယ်လို့ သိရပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းပေါ်ကနေကျင်းပရတဲ့ ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲမှာ အခြေခံအဆင့် Base Division ပွဲစဉ်တွေ ယှဉ်ပြိုင်ရာမှာ မြန်မာအသင်းက ၃ ရက်ဆက်တိုက် ရှုံးပွဲမရှိတာကြောင့် အုပ်စုထဲမှာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပုံမှန်ပြိုင်ပွဲတွေကနေ နည်းပညာပြောင်းသုံးပြီး ယှဉ်ပြိုင်ရလို့ အခက်အခဲတွေရှိပေမဲ့ အောင်မြင်မှုရအောင် ကစားနိုင်ခဲ့တဲ့ အကြောင်း ပထမဆုံးအကြိမ် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကိုဟန်မင်းစိုးက ပြောပါတယ်။
“ ကျနော်တို့ဆီမှာ ကလပ်တွေမှာပဲသွားပြီးတော့ ကစားတာ ဒီလိုနည်းပညာနဲ့ပတ်သက်ပြီးတော့ ကျနော်က ဖုန်းလောက်နဲ့ပဲ ကစားတာ။ တော်တော်ကို အားနည်းပါတယ်။ နိုင်ငံအနေနဲ့ကစားတာ ကျနော်ပထမဦးဆုံးပဲ၊ အဲဒီတော့ ပျော်ပါတယ် ကျနော်။”
၂၀၂၀ ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆၃ ခု ကိုယ်စားပြုအသင်းတွေက ဇူလိုင် ၂၄ရက်ကစပြီး အုပ်စုပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။ Base Division အုပ်စုပွဲ သုံးရက်လုံး ပေးထားတဲ့ ၁၅မိနစ်အချိန်အတွင်း ကြိုးစားခဲ့ရကြောင်း မြန်မာအသင်းသား နောက်တစ်ဦး ဖြစ်တဲ့ မမေစုလွင်က ပြောပါတယ်။
“ အွန်လိုင်းကပြိုင်ရတော့ ကိုယ်တွေကတော့ အိမ်မှာတခါတလေ ဖုန်းနဲ့လည်း လေ့ကျင့်တယ်၊ board ခင်းပြီးတော့လည်း လေ့ကျင့်တယ်။ အခု အပြင်မှာ ကစားတာနဲ့တော့ နည်းနည်းလေး ကွာတယ်။ ကွန်ပျူတာ mouse တွေဘာတွေနဲ့တော့ အမြဲတမ်း၊ သွက်သွက်လက်လက် ဖြစ်မှ သူကရတာ။ အချိန်ကလည်း ရှိသေးတာကိုး။”
သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားပြုအသင်းတသင်းစီမှာ ဝါရင့်ကစားသမား ၂ယောက်၊ အမျိုးသမီး ၂ယောက်၊ အသက် ၂၀ အောက် တစ်ယောက်၊ ပြီးတော့ မျိုးဆက်သစ် ကလေးတစ်ယောက် စုစုပေါင်း ၆ ယောက်သတ်မှတ်ထားပြီး အသင်းခေါင်းဆောင် ကပ္ပတိန်တယောက်က ကွပ်ကဲရတာ ဖြစ်ပါတယ်။
Base Division မှာရလဒ်ကောင်းတဲ့ မြန်မာအသင်းအပါအဝင် ၁၂ သင်းဟာ နောက်တဆင့် Division (4) မှာ တခြားအသင်းတွေနဲ့ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စစ်တုရင် အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးအကြိမ် ကျင်းပခဲ့ဖူးတဲ့ ၂၀၁၈ ခုနှစ်မှာတော့ တရုတ်၊ အမေရိကန်၊ ရုရှား၊ ပိုလန်၊ အင်္ဂလန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အာမေးနီးယား၊ ပြင်သစ်နဲ့ ယူကရိန်း စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံက အစဉ်လိုက်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
>>Zawgyi<<
ကမ္ဘာ့စစ်တုရင် အိုလံပစ် အွန်လိုင်းပြိုင်ပွဲ အုပ်စုပွဲစဉ်အစ မြန်မာအသင်း ၃ရက် ဆက်တိုက်အနိုင်ရနေ

0 comments:

Post a Comment