Wednesday, July 1, 2020

မောင်တောမြို့နယ်၌ ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော အဖွဲ့သည် သီဟိုဠ်ခြံရဲကင်းစခန်းရှေ့ ကားလမ်းပေါ်၌ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ဇွန်လ (၃၀ )ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အငူမော်ဘက်မှ ငါးခူရဘက်သို့ မောင်ခင် (ဘ)ဦးထွန်းသိန်းဖြူ မောင်းနှင်လာပြီး ဟန်သိန်း(ဘ)ဦးထွန်းသောင်းကျော်နှင့် အောင်စိုးမင်း (ဘ)ဦးထွန်းလှခိုင်တို့လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN/9H--------— ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ယာဉ်မောင်းထိုင်ခုံနှင့် နောက်လူစီး ထိုင်ခုံကြားရှိ ကြမ်းခင်းအား အပေါက်ဖောက်ထားသည့် အံဝှက်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၇၉၅၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်) နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
လက်ရှိအချိန်၌ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့များက ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
Ref ; People Media

0 comments:

Post a Comment