Wednesday, July 1, 2020

မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာအတွင်း၌ သေနတ်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မွန်ပြည်နယ် မုဒုံမြို့ ကျောက်တလုံးကျေးရွာ ရတနာတောင်ကွက်သစ်အတွင်း၌ ၂၈.၆.၂၀၂၀ ရက်နေ့ည ၉ နာ =ရီချိန်ခန့်တွင် အမှတ်(၃၈)မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်)မှ ဒုရဲမှူး စောမိုးအောင်ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ စရဖတပ်(ရတခ) မှ ဗိုလ်ကြီးဘုန်းနိုင်ကျော်ဦးစီး တပ်ဖွဲ့ဝင်များနှင့်မုဒုံမြို့မရဲစခန်းမှ ဒုရဲအုပ်ရဲနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ အထက်ပါကျေးရွာရှိ ကျော်ဇေယျ (၄၀)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်တွင် ကျော်ဇေယျ နှင့်အတူ ညီဖြစ်သူ ကျော်ဇင်ဝင်း (၃၃)နှစ် တို့အား တွေ့ရှိရပြီး နေအိမ်တွင် ရှာဖွေမှုများပြုလုပ်ခဲ့ရာ နေအိမ်အပေါ်ထပ်ရှိ ဗီဒိုအောက်ထပ်အတွင်းမှ ကျော်ဇင်ဝင်း ဝှက်သိမ်းထားသည့် တူရကီနိုင်ငံလုပ် Glock အမျိုးအစား ၉ မမ ပစ္စတိုသေနတ် (၁)လက် (သေနတ် ကိုယ်ထည်နံပါတ် YC 19-43881)၊ ၎င်းကျည် USA 380 AUTO ကျည် (၃)တောင့်(ကျည်ဘောက်အတွင်း ထည့်လျှက်) နေအိမ် အောက်ထပ် အိမ်ခန်းအတွင်းရှိ ခုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားသည့် နက်/ပြာ ရောင် ကျောပိုး အိတ်အတွင်းမှ အဖြူရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၂၃)ပြားနှင့် ခြင်ထောင်ပေါ်မှ Red Ruby စီးကရက် ဘူးခွံအတွင်း အအေးစုပ်ပိုက်ဖြင့်ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား(၂)ပြား၊ ခဲစက္ကူစ (၁)ခု၊ ဝါးဖေါ့တံ(၁)ခု၊ အပြာရောင် ဂက်(စ်)မီးခြစ်(၁)လုံး၊ နေအိမ်ရှေ့ ရေတွင်းအနီး သစ်သားခုံအောက် မြေပြင်ပေါ်မှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၉၅)ပြား၊ စုစုပေါင်း(၁၂၀)ပြား၊ အလေးချိန်(၁၂)ဂရမ်ခန့်၊ တန်ဖိုး (၆၀၀,၀၀၀)ကျပ်အားလည်းကောင်း၊ နေအိမ်ရှေ့တွင် ရပ်ထားသော ၃၁ယ/၄၂၄၉ PCX အမျိုးအစား ထိုင်းနိုင်ငံထုတ် အနက်ရောင် Auto ဆိုင်ကယ်တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချ ရရှိငွေ မြန်မာငွေစက္ကူရောရာ(၆၀၀၀၀)ကျပ်အား လည်းကောင်း၊ ၎င်းနေအိမ်ခြံဝန်းအရှေ့တွင် ရပ်ထားသည့် ကျော်ဇင်ဝင်းမောင်းနှင်သည့် NOAH အမျိုးအစား အဖြူရောင် မော်တော် ယာဉ်အမှတ် YGN 2L/5813 (လိုင်စင်စိစစ်ဆဲ)နှင့် ကျော်ဇင်ဝင်း ယာဘက်လက်အတွင်း ကိုင်ထားသော OPPO အမျိုးအစား(09-********) ဆင်းကဒ်ပါ နက်/ပြာရောင် လက်ကိုင် ဖုန်း(၁)လုံးတို့အား တွေ့ရှိရသဖြင့် ဒုရဲမှူး စောမိုးအောင်မှရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အဆိုပါ သေနတ်နှင့်နှင့်မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်ဇေယျ(၄၀)နှစ် နှင့်အတူ ညီဖြစ်သူ ကျော်ဇင်ဝင်း (၃၃)နှစ် တို့အား ဒုရဲမှူးစောမိုးအောင်မှတရားလိုပြုလုပ်တိုင်တန်းထားပြီး မုဒုံမြို့မရဲစခန်း မယ(ပ)၅၁/၂၀၂၀၊ မူးစိတ်ပုဒ်မ- ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - အမွှာညီနောင်

0 comments:

Post a Comment