Wednesday, July 1, 2020

ရေနံချောင်းမြို့နယ်တွင် မြစ်ကမ်းပြိုကျ၍ မြေဧက ၂၀ ခန့် ဆုံးရှုံးမှုဖြစ်ကာ အိမ်ခြေ ၁၈ လုံး ပြောင်းရွေ့ရ

ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ နေအိမ် ၁၈ အိမ်ပြောင်းရွေ့ရကြောင်း သိရပါတယ်။
ဝက်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးဇော်ထံက “အနေအထားက အဆက်မပျက် ပြိုနေတယ်ဗျာ။ မြေဧရိယာကတော့ ဧက ၂၀ ပတ်ချာလည်လောက် ဆုံးရှုံးမှုဖြစ်နေပြီး။ လွန်ခဲ့တဲ့ သုံးရက်ကနေ မြစ်ကမ်းပါးပြိုကျလို့ ဒီနေ့အထိ အိမ်ထောင်စု၊ နေအိမ် ၁၈ လုံး အိမ်ဖျက်ပြီး ပြောင်းရွေ့ စုပုံထားရတယ်။ ” လို့ ပြောပါတယ်။
ကမ်းကူးကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါး အရှည် ပေ ၃၀၀၀ လောက်မှာ တစ်ရက်ကို ပေ ၅၀ ခန့် အနည်းပြိုကျနေလို့ ယာမြေ ၂၀ ဧကလောက်ဆုံးရှုံးသွားပြီး အခုရက်ပိုင်းမှာ ကျေးရွာနဲ့ နီးကပ်လာကာ ရွာအိမ်ဝိုင်း‌တွေ ဆက်တိုက်ပြိုကျနေတယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာမှာ မြစ်ကမ်းပါးပြိုကျတဲ့အတွက် အိမ်ခြေ ၁၈ အိမ်၊ လူဦးရေ ၇၆ ဦး သဘာဝဘေးအန္တရာယ်ခံစားနေရပြီး၊ ကျေးရွာအနီး မြေလွတ်မြေလပ်မရှိလို့ ယာမြေတွေကို ဝယ်ယူနေထိုင်ရမှာဖြစ်လို့ ပြောင်းရွေ့အိမ်ထောင်စုတွေ အခက်အခဲဖြစ်နေကြောင်း အုပ်ချုပ်ရေးမှူး ဦးမိုးဇော်က ရှင်းပြပါတယ်။
မြစ်ကမ်းပါးပြိုကျနေတဲ့ အဆိုပါကျေးရွာကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ လိုအပ်ချက်တွေနဲ့ ထောက်ပံ့ငွေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်းနဲ့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့တွေက သွားရောက်ကူညီရွေ့ပြောင်းပေးနေတယ်လို့ ရေနံချောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment