ဇူလိုင်လ(၂၇)ရက်နေ့ ကမ္ဘာ့ရွှေဈေးဟာ နှစ်ပေါင်း(၅၀)နီးပါးအတွင် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၉၄၂)ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားပါတယ်။
(၁၉၇၄)ခုနှစ်တုန်းက တစ်အောင်စကို ဒေါ်လာ (၂၀၀) ဝန်းကျင်သာရှိခဲ့ပေမဲ့ ခုချိန်မှာတော့ တစ်အောင်စကို (၁၉၄၂)ဒေါ်လာအထိမြင့်တက်လာတာကြောင့် ကွာခြားမှုဟာ နှစ်ငါးဆယ်အတွင်းမှာ (၁၇၄၂) ဒေါ်လာအထိ ရှိလာတာပါ။
ကမ္ဘာ့ရွှေဈေးကွက်ရဲ့ အချက်အလက်တွေအရတော့(၁၉၈၀)ပြည့်နှစ်ဖေဖော်ဝါရီလမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို(၆၉၆)ဒေါ်လာအထိ ရုတ်တရက်မြင့်တက်ခဲ့ပြီးတော့ ကျန်တဲ့နှစ်တွေမှာ တစ်အောင်စကို ဒေါ်လာ(၁၀၀၀)အောက်မှာပဲရှိပြီး ဈေးငြိမ်နေခဲ့ပါတယ်။
(၂၀၁၁) ခုနှစ်အတွင်းမှာတော့ စံချိန်တစ်ခုဖြစ်တဲ့ တစ်အောင်စကို (၁၈၉၈) ဒေါ်လာအထိ အမြင့်ဆုံးဈေးရှိခဲ့ပေမဲ့ ခုချိန်မှာတော့ အဲဒီဈေးထက် ဒေါ်လာ(၁၀၀) ကျော်ကွာခြားလာခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ်မှာမူတည်နေတဲ့ မြန်မာ့ရွှေဈေးကတော့ ဒီနေ့မှာ တစ်ကျပ်သားကို (၁၃) သိန်း ကျော်အထိ မြင့်တက်နေပြီး ၂၀၁၉ စက်တင်ဘာလက စံချိန်တင်ပေါက်ဈေးဖြစ်တဲ့ (၁၃၁၀၀၀၀)ကျပ် ဝန်းကျင်တော့ မကျော်သေးပါဘူး။
Ref ; O Media
0 comments:
Post a Comment