Tuesday, July 28, 2020

မန္တလေး မဟာမြတ်မုနိဘုရားကြီး ပြန်ဖွင့်ဖို့ တိုင်းအစိုးရကို စာတင်တာ ၃ ကြိမ် ရှိပြီ

မန္တလေး မဟာမြတ်မုနိဘုရားကြီး ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ စာ(၃)ကြိမ်တိုင်တိုင် တင်ပြထားပေမယ့်လည်း တိုင်းအစိုးရအဖွဲ့မှ လက်ရှိအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
"ကျွန်တော်တို့ စာတင်တာတွေ မေးတာတွေများနေပြီ။ ဘာမှအကြောင်းမပြန်သေးဘူး။ စာတင်တာဆိုရင် ၃ ခေါက်ရှိပြီ။ ဘုရားဂေါပကတင်တာ (၂)ခါ။ စောင်းတန်းတွေဖွင့်ချင်လို့ဆိုပြီး စောင်းတန်းက ကိုယ်စားလှယ်တွေက (၁)ခါ တင်ထားတယ်။ အခုထိ ဘာမှမထူးသေးပါဘူး။" လို့ ၄င်းက ပြောပါတယ်။
လက်ရှိမှာတော့ မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့ စောင်းတန်းက စျေးဆိုင်တွေမှာ ပြန်လည်ဖွင့်လှစ်ချင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
မဟာမြတ်မုနိဘုရားကြီး အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီပုထိုးတွေကို Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ယခုနှစ် မတ်လကစပြီး ပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment