Thursday, July 2, 2020

စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများအား ဖိတ်ခေါ်ခြင်း

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းပီကျေးရွာ၊အ‌ခြေခံပညာအထက်တန်းကျောင်း တွင် လက်ရှိအထက်တန်းပြဆရာတစ်ဦးတည်းသာရှိနေပါသဖြင့် အထက်တန်းဆင့် Grade-10 နှင့် Grade-11 ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနေပါသည်။
ထိုအခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရပ်ရွာမိဘပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာ ဆဘောင်းပီသားများမိသားစု ( Global Sabawngpisawzy Koinonia) အဖွဲ့မှ စေတနာ့ဝန်ထမ်း ငှားရမ်းလိုသည့်အတွက်
(1) Math
(2) Chemistry
(3). Physic
(4). Bio
ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်သည့် ဆရာဆရာမများ အလိုရှိနေပါသည်။ လာရောက်တာဝန်ထမ်းဆောင်သော စေတနာ့ဝန်ထမ်းတစ်ဦး၏ ဉာဏ်ပူဇော်ခအဖြစ် တစ်လလျှင်-လစာ 300000/- ကျပ်(သုံးသိန်း)
-ညစာကျက်ဝိုင်းကြီးကြပ်ခ =50000/-(ငါးသောင်းကျပ်)စုစုပေါင်း စုစုပေါင်း = 350000/- ကျပ်ထောက်ပံ့မည့်အပြင် ရေမီးအပြည့်အစုံ ဝန်ထမ်းအိမ်ရာနှင့်စရိတ်ငြိမ်း (စားဖိုမှူးပါ) အပြည့်အဝ ပေးထားမည်ဖြစ်ရာ စိတ်ဝင်စားပြီး ပညာဒါနပြုလုပ်လိုသူများ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကျောင်းအုပ်ကြီး
အထက၊ဆဘောင်းပီ
ဖုန်း- ၀၉၄၀၂၅၃၂၆၈၃
Rev.Mai Ki
ကျောင်းအကျိုးတော်ဆောင်
ဖုန်း-09781086479
095418929
မူရင်းတင်သူကို Creditပေးပါသည်။

0 comments:

Post a Comment