Wednesday, July 1, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံရေးမှာ ပါဝင်ဖို့ စဉ်းစားနေ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့်ရွေးကောက် ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားမယ်လို့ ရုရှားသတင်းဌာနတခုကို ပြော ဆိုခဲ့ပါတယ်။
Arguments and Facts သတင်းဌာနနဲ့ ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လာမယ့် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီး ဆက်လက်လုပ်ကိုင်မှာ ဖြစ် ကြောင်းနဲ့ သူ့မှာ အနှစ် ၄ဝ ကျော်ကြာ စစ်ရေးနဲ့ နိုင်ငံရေးအတွေ့အကြုံတွေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်က ဘယ်တော့ အနားယူမှာလဲဆိုတဲ့ မေးခွန်းကိုတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့အခါ တပ်မတော်က သူ့ရဲ့ လမ်းကြောင်းအတိုင်း သွားဖို့ရှိပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားခဲ့ပါတယ်။
Source - RFA

0 comments:

Post a Comment