အငြင်းပွား လာဒါခဒေသ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းမှု ပြုလုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြသနေချိန် အိန္ဒိယအစိုးရကလည်း လက်နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက လာဒါခ်ဒေသ၌ တရုတ်တပ်ဖွဲ့ဝင်များ၏ ကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ရန် T-90 တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အင်အား ၄၀၀၀ ပါ တပ်မဟာတစ်ခု ဖြန့်ကြက်ခဲ့ကြောင်း အိန္ဒိယသတင်းစာ ဟိန္ဒူစတန်တိုင်းမ်က ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အင်အား ၅၀၀၀၀ ဖြန့်ကြက်ထားရာ အက်ခ်ဆိုင်းချင်းဧရိယာ၌ တရုတ်တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရန် ဆွေးနွေးမှုများ မအောင်မမြင်ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံက ထိုသို့ လက်နက် ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။
တရုတ်တပ်ဖွဲ့များက အိန္ဒိယပိုင်နက်နယ်မြေအတွင်း ၈ ကီလိုမီတာအထိ ကျူးကျော်ရောက်ရှိနေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုအရ သိရပြီး ဧပြီလအတွင်း နယ်စပ်တစ်လျောက် အိန္ဒိယနိုင်ငံက အခြေခံအဆောက်အအုံ တည်ဆောက်မှုကို တရုတ်နိုင်ငံက ကန့်ကွက်ပြီးနောက် စတင်ခဲ့သည့် အရှည်ကြာဆုံးသောတင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။
crd-People Media #Myanmar_Online_News
>>Zawgyi<<
တရုတ်နှင့် အငြင်းပွားရာ နယ်စပ်ဒေသသို့ အိန္ဒိယတပ်မတော် က တင့်၊ သံချပ်ကာယာဉ်များ စေလွှတ်ဖြည့်တင်း
Tuesday, July 28, 2020
အငြင်းပွား လာဒါခဒေသ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းမှု ပြုလုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြသနေချိန် အိန္ဒိယအစိုးရကလည်း လက် နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက လာဒါခ်ဒေသ၌ တရုတ်တပ်ဖွဲ့ဝင်များ၏ ကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ရန် T-90 တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အင်အား ၄၀၀၀ ပါ တပ်မဟာတစ်ခု ဖြန့်ကြက်ခဲ့ကြောင်း အိန္ဒိယသတင်းစာ ဟိန္ဒူစတန်တိုင်းမ်က ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အင်အား ၅၀၀၀၀ ဖြန့်ကြက်ထားရာ အက်ခ်ဆိုင်းချင်းဧရိယာ၌ တရုတ်တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရန် ဆွေးနွေးမှုများ မအောင်မမြင်ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံက ထိုသို့ လက်နက် ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။
တရုတ်တပ်ဖွဲ့များက အိန္ဒိယပိုင်နက်နယ်မြေအတွင်း ၈ ကီလိုမီတာအထိ ကျူးကျော်ရောက်ရှိနေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုအရ သိရပြီး ဧပြီလအတွင်း နယ်စပ်တစ်လျောက် အိန္ဒိယနိုင်ငံက အခြေခံအဆောက်အအုံ တည်ဆောက်မှုကို တရုတ်နိုင်ငံက ကန့်ကွက်ပြီးနောက် စတင်ခဲ့သည့် အရှည်ကြာဆုံးသောတင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။
crd-People Media #Myanmar_Online_News
0 comments:
Post a Comment