နယူးဇီလန်နိုင်ငံသည် ဟောင်ကောင်နှင့်ချုပ်ဆိုထားသည့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်အား ဆိုင်းငံ့ခဲ့ပြီး ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အခြားသောပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Winston Peters မှ ဇူလိုင်လ ၂၈ ရက် နေ့က ပြောကြားခဲ့ပါသည်။
ဟောင်ကောင်၏ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်တွင် တရုတ်နိုင်ငံ၏ ချုပ်ချယ်မှုမရှိသည်ကို နယူးဇီလန်နိုင်ငံအနေဖြင့် မယုံကြည်နိုင်ကြောင်း Peters မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒကို လိုက်နာကြောင်း ပြသလျှင် မိမိတို့အနေဖြင့်လည်း ၎င်းဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားမည်ဖြစ်ကြောင်း Peters မှ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ဟောင်ကောင်ပြည်သူများနှင့် အနောက်နိုင်ငံများ၏ ကန့်ကွက် ဆန္ဒပြမှုများရှိသော်လည်း အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ယခုလအစောပိုင်းက ပြဋ္ဌာန်းခဲ့ပါသည်။
ဩစတြေးလျ၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့သည် ဟောင်ကောင်နှင့်ချုပ်ဆိုထားသည့် တရားခံလွှဲပြောင်းရေးသဘောတူစာချုပ်အား ယခုလအစောပိုင်းက ဆိုင်းငံ့ခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဟောင်ကောင်အတွက် စီးပွားရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့ပါသည်။
နယူးဇီလန်နိုင်ငံသည် ဟောင်ကောင်နှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်သည့် အနေဖြင့် ဟောင်ကောင်သို့ စစ်ရေး၊ dual- use ဆိုင်ရာ ကုန်ပစ္စည်းများနှင့် နည်းပညာ ဆိုင်ရာ တင်ပို့မှုများတွင် တရုတ်နိုင်ငံနှင့်နည်းတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Winston Peters မှ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်စဉ် နှစ်နိုင်ငံကုန်သွယ်မှုသည် နယူးဇီလန်ဒေါ်လာ ၃၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံ) ကျော်လွန်လျက်ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် ထိုင်ဝမ်၏ ပါဝင်မှုကို ပစိဖိတ်နိုင်ငံမှ ထောက်ခံခဲ့ပြီးနောက် နယူးဇီလန်နှင့်တရုတ်နိုင်ငံ၏ ဆက်ဆံရေးမှာ ပျက်ပြားသွားခဲ့ ပါသည်။
တရုတ်နိုင်ငံသည် ဇွန်လ ၃၀ ရက်နေ့တွင် လုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် အချို့သော အမျိုးသားလုံခြုံရေးကိစ္စရပ်များတွင် ဘေကျင်းအား စီရင်ပိုင်ခွင့်ပေးခဲ့ပြီး ပြည်မလုံခြုံရေးကိုယ်စားလှယ်များအား ပထမဆုံးအကြိမ်အဖြစ် မြို့တော်တွင် ပွင့်လင်း မြင်သာစွာ လုပ်ငန်းတည်ထောင်ခွင့်ပေးခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံမှ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် နယူးဇီလန်နိုင်ငံသည် ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်အား ဆိုင်းငံ့ခဲ့
Tuesday, July 28, 2020

0 comments:
Post a Comment