Wednesday, July 1, 2020

ထိုင်းတွင် တရုတ်နိုင်ငံသား ၉ ဦးကို ဖဲဝိုင်းဖွဲ့ကစားမှုနဲ့ ဖမ်းဆီး

နိုင်ငံဖြတ်ကျော် မူခင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ချစ်ဒီချာဆွန်ဟောင် ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ Bang Lamung ခရိုင် Nong Prue မြို့ အိမ်ရာတစ်ခုရှိ နေအိမ်တစ်လုံးကို စီးနင်းရှာဖွေခဲ့ရာမှာ ပိုကာဝိုင်းဖွဲ့ လောင်းကစားနေကြတဲ့ တရုတ်နိုင်ငံသား ၉ ဦးကို တွေ့ရှိခဲ့ပြီး ပိုကာဖဲ ကစားမှု၊ လူစုလူဝေးလုပ်မှုတွေနဲ့ တနင်္လာနေ့ ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ကနဦးအနေနဲ့ ၎င်းတို့ကို အရေးပေါ် အမိန့်ထုတ်ပြန်ချက်ကို ချိုးဖောက်ကာ လူစုလူဝေးလုပ်မှု၊ လောင်းကစားမှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
၎င်း တရုတ်နိုင်ငံသား ၉ ဦးအနက် လူကျားအို အမည်ရ အမျိုးသားကိုတော့ ဗီဇာရက်လွန်နေထိုင်မှုနဲ့ပါ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
crd-AKonThi #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment