Wednesday, July 1, 2020

အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုများကို ရပ်တန့်ရန် တရုတ်နိုင်ငံမှတောင်းဆို

အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလက်နက်ရောင်းချမှုပိတ်ဆို့ခြင်းတိုးမြှင့်ရေးအတွက် အမေရိကန်၏ဖိအားပေးနေမှုများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်မှ အီရန်နိုင်ငံအပေါ် ချမှတ်ထားသော တစ်ဖက်သတ်အရေးယူမှုများကို ရပ်တန့်ပေးရန်အတွက် တရုတ်နိုင်ငံသံအမတ်မှ ဇွန်လ ၃၀ ရက်နေ့တွင် တောင်းဆို လိုက်သည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏အရင်းအမြစ်မှာ အမေရိကန်နိုင်ငံသည် ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ခြင်းနှင့် အီရန် နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြန်လည်ချမှတ်ရန်ဖိအားပေးနေခြင်းတို့ကြောင့်ဖြစ် ကြောင်း တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် Zhang Jun မှ ပြောကြားခဲ့သည်။
အမေရိကန်သည် နျူကလီးယားသဘောတူစာချုပ်အရ နျူကလီးယားစီမံကိန်း အပေါ်အရေးယူမှုများရပ်တန့်ရန်ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာလတွင် သက်တမ်း ကုန်ဆုံးမည့် အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလက်နက်ရောင်းချမှုပိတ်ဆို့ခြင်းဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို တိုးမြှင့်ရန်အတွက် ဖိအားပေးနေပါသည်။ ၎င်းသည် နျူကလီးယားသဘောတူညီမှုကိုထိန်းသိမ်းရန် ပူးပေါင်းကြိုးစားအားထုတ်မှုများကို တဖန်အားနည်းစေခဲ့ကြောင်း Zhang Jun မှ လုံခြုံရေးကောင်စီသို့ပြောကြား ခဲ့ပါသည်။
JCPOA ဟုထင်ရှာသော အီရန်နျူကလီးယားအရေးသဘောတူညီချက်သည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၃၁ တွင် အတည်ပြုထားသော အရေးကြီးသည့် ဘက်ပေါင်းစုံမှသဘောတူညီချက်တစ်ခုဖြစ်ပါသည်။
၎င်းကို ထိရောက်စွာအကောင်ထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း Zhang Jun မှပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် တရားမဝင်တစ်ဖက်သတ်အရေးယူမှုများနှင့် ရှည်လျားသောတရားစီရင်ပိုင်ခွင့်ကိုရပ်တန့်ရန်၊ JCPOA နှင့် လုံခြုံရေးကောင်စီ ၏ဆုံးဖြတ်ချက် ၂၂၃၁ ကို မှန်ကန်စွာလေ့လာရန်နှင့် လမ်းကြောင်းမှန်ပေါ်သို့ ပြန်သွားရန်အတွက် မိမိတို့အနေဖြင့်တိုက်တွန်းလိုပါသည်။
တရုတ်နိုင်ငံမှ အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလက်နက်ရောင်ချမှုပိတ်ဆို့မှု တိုးမြှင့်ရေးအတွက် အမေရိကန်မှတွန်းအားပေးနေမှုများကိုဆန့်ကျင်ကြောင်း Zhang Jun မှပြောကြားခဲ့ပါသည်။
source-CGTN #Myanmar_Online_News
>>Zawgyi<<
အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုများကို ရပ်တန့်ရန် တရုတ်နိုင်ငံမှတောင်းဆိုခဲ့
Wednesday, July 1, 2020
အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလက်နက်ရောင်းချမှုပိတ်ဆို့ခြင်းတိုးမြှင့်ရေး အတွက် အမေရိကန်၏ဖိအားပေးနေမှုများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီး အမေရိကန်မှ အီရန်နိုင်ငံအပေါ် ချမှတ်ထားသော တစ်ဖက်သတ်အရေးယူမှုများ ကို ရပ်တန့်ပေးရန်အတွက် တရုတ်နိုင်ငံသံအမတ်မှ ဇွန်လ ၃၀ ရက်နေ့တွင် တောင်းဆို လိုက်သည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏အရင်းအမြစ်မှာ အမေရိကန်နိုင်ငံသည် ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ခြင်းနှင့် အီရန် နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြန်လည်ချမှတ်ရန်ဖိအားပေးနေခြင်းတို့ကြောင့်ဖြစ် ကြောင်း တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် Zhang Jun မှ ပြောကြားခဲ့သည်။
အမေရိကန်သည် နျူကလီးယားသဘောတူစာချုပ်အရ နျူကလီးယားစီမံကိန်း အပေါ်အရေးယူမှုများရပ်တန့်ရန်ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာလတွင် သက်တမ်း ကုန်ဆုံးမည့် အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလက်နက်ရောင်းချမှုပိတ်ဆို့ခြင်းဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို တိုးမြှင့်ရန်အတွက် ဖိအားပေးနေပါသည်။ ၎င်းသည် နျူကလီးယားသဘောတူညီမှုကိုထိန်းသိမ်းရန် ပူးပေါင်းကြိုးစားအားထုတ်မှုများကို တဖန်အားနည်းစေခဲ့ကြောင်း Zhang Jun မှ လုံခြုံရေးကောင်စီသို့ပြောကြား ခဲ့ပါသည်။
JCPOA ဟုထင်ရှာသော အီရန်နျူကလီးယားအရေးသဘောတူညီချက်သည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၃၁ တွင် အတည်ပြုထားသော အရေးကြီးသည့် ဘက်ပေါင်းစုံမှသဘောတူညီချက်တစ်ခုဖြစ်ပါသည်။
၎င်းကို ထိရောက်စွာအကောင်ထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း Zhang Jun မှပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် တရားမဝင်တစ်ဖက်သတ်အရေးယူမှုများနှင့် ရှည်လျားသောတရားစီရင်ပိုင်ခွင့်ကိုရပ်တန့်ရန်၊ JCPOA နှင့် လုံခြုံရေးကောင်စီ ၏ဆုံးဖြတ်ချက် ၂၂၃၁ ကို မှန်ကန်စွာလေ့လာရန်နှင့် လမ်းကြောင်းမှန်ပေါ်သို့ ပြန်သွားရန်အတွက် မိမိတို့အနေဖြင့်တိုက်တွန်းလိုပါသည်။
တရုတ်နိုင်ငံမှ အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလက်နက်ရောင်ချမှုပိတ်ဆို့မှု တိုးမြှင့်ရေးအတွက် အမေရိကန်မှတွန်းအားပေးနေမှုများကိုဆန့်ကျင်ကြောင်း Zhang Jun မှပြောကြားခဲ့ပါသည်။

0 comments:

Post a Comment