Wednesday, July 1, 2020

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း သစ်ခိုးမှုများကို လျို့ဝှက်ကင်မရာတွင် တွေ့ရှိသည့် အတွက်သွားရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်း သစ် ခိုးထုတ်မှုကို လျို့ဝှက်ကင်မရာတွင် တွေ့ရှိသည့်အတွက် သွားရောက်ဖမ်းဆီးရာပိုင်ရှင်မဲ့ဖြစ်နေကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ဥယျာဉ်အတွင်းတပ်ဆင်ထားသော Cellular Trailcam ကင်မရာ၏ သစ်ခွဲသားများ တင်ဆောင်ထား သော ဆိုင်ကယ်များထွက်လာသည့် မှတ်တမ်းဓါတ်ပုံပေးပို့ချက်အရ အလောင်းတော်ကဿပ အမျိုးသားဥ ယျာဉ်မှ တောအုပ်ကြီးနှင့်ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ Global Conservation အဖွဲ့ဝင်များဖြင့် ဝါးဘိုး ကျောက်တောင်ပေါက်မှ ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့သော်လည်း ထွက်ပေါ်လာခြင်းမရှိသဖြင့် အတွင်းဘက်သို့ သွားရောက်၍ ကင်းလှည့်စစ်ဆေးရာ ဝါးဘိုးတောင်၏ အတွင်းဘက် (၄) ဖာလုံခန့်အကွာနေရာ ဆိုင်ကယ်ပေါ်မှ ပစ်ချထားသည့် တရားမဝင်ပိ တောက်ခွဲသား (၈)ချောင်း (၁) တန်နှင့် ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်(၇)စီးအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment